ဧဒင်အချစ်ပုံပြင်: လူတစ်ဦးသေတဲ့အထိ ရဲက အဖမ်းကြမ်း တိုင်သူကလိမ်လည်လို့  ရဲရော တိုင်သူပါ အချုပ်ထဲရောက်နေ

Wednesday 3 April 2013

လူတစ်ဦးသေတဲ့အထိ ရဲက အဖမ်းကြမ်း တိုင်သူကလိမ်လည်လို့  ရဲရော တိုင်သူပါ အချုပ်ထဲရောက်နေ

Photo: လက်ထပ်ရန် (၅)ရက်သာလိုတော့တဲ့ သတို့ သားလောင်း ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံရအပြီး ပြန်အလာ သေဆုံးသွားခဲ့

မန္တလေး ၊ ဧပြီ-၂


    သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက   ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး အဲဒီတက္ကစီသမား   သေဆုံးသွားခဲ့ပါတယ်။ 
    
     သေဆုံးသွားတာကတော့ ရဲကင်းထဲမှာ မဟုတ်ပေမယ့် စစ်ဆေးခံရပြီး ပြန်အလာ မသက်သာတဲ့အတွက် ဆေးရုံကို ကုသဖို့အသွား လမ်းမှာ  သေဆုံးသွားခဲ့ပါတယ်။ 

  သီရိမန္တလာ ရဲကင်းဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ်၊ သီရိမန္တလာ ကားဝင်းမှာ တည်ရှိပြီး အမှတ်(၅)ရဲစခန်းပိုင် နယ်မြေဖြစ်ပါတယ်။ 
       
     ဖမ်းဆီးစစ်ဆေးခံ၇တဲ့ ဆိုင်ကယ်တက္ကစီသမားဟာ (၃၁-၃-၂၀၁၃) နေ့ ည သန်းခေါင်ယံ အချိန်မှာ အကျီ င်္အစိမ်းရောင်နဲ့ ခရီးသွားတစ်ဦးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသွားက ပိုက်ဆံလုယက်တယ်ဆိုပြီး ရဲကင်းမှာ လာတိုင်တဲ့အတွက် တက္ကစီသမားကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။ 


         ဖမ်းဆီးတဲ့အခါမှာ ထိုးကြိတ်မှုတွေကြောင့်  အဲဒီဆိုင်ကယ် တက္ကစီသမားဟာပါးစပ်နှာခေါင်းများမှ  သွေးများထွက်နေပြီး လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

           
           သေဆုံးသွားသူ ကိုပြည့်စုံအောင်ဟာ အသက် (၂၃)နှစ် အရွယ်ရှိပြီး ငါးရက်အကြာမှာ လက်ထပ်တော့မယ့် သတို့သားလောင်းလည်း ဖြစ်ပါတယ်။

        သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမှုပြန်ဖွင့်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ ပြောပါတယ်။ 

 သေဆုံးသူရဲ ဇနီးလောင်း(အသက် ၁၇ နှစ်)ဟာ  ”လုပ်တဲ့သူကို ထောင်ပြန်ချချင်တယ်၊ အမှုဖွင့်မယ်”လို့ ပြောပါတယ်။

           သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းကို မေးမြန်းပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

(ပုံမှာ - သေဆုံးသူကိုပြည့်စုံအောင် ရဲ့ ဇနီး ဖြစ်ပါတယ်။)လူတစ်ဦးသေဆုံးသွားတဲ့ အဖြစ်အပျက်မှာ ရဲဝန်ထမ်းကလည်း ဖမ်းဆီးရာမှာ မလိုအပ်ဘဲ ဒဏ်ရာရသေဆုံးစေခဲ့လို့ ထိန်းသိမ်းခံထားရပြီး တိုင်သူကလည်းလိမ်လည်တိုင်ကြားလို့ မမှန်သတင်းပေးအနေနဲ့ ထိန်းသိမ်းခံထားရပါတယ်။

သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး အဲဒီတက္ကစီသမား သေဆုံးသွားခဲ့တဲ့အတွက် ရဲဝန်ထမ်းကို လူသေမှုနဲ့ အမှတ်(၅) ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးနေပါတယ်။



တိုင်ကြားသူဟာ ငွေတစ်သိန်း(ကျပ်) လုယက်ခံရတယ်ဆိုပြီး ရဲကိုတိုင်ခဲ့ပါတယ်။တကယ်တော့ ငါးထောင်သာ ဆိုင်ကယ် တက္ကစီသမားက ယူသွားခဲ့တာဖြစ်တယ် လို့ ရဲစခန်းမှာ စစ်ဆေးပေါ်ပေါက်ပါတယ်။

လုယက်တယ်ဆိုပြီး တိုင်ကြားသူဟာ သပိတ်ကျင်း ရှားတောရွာမှာ
နေထိုင်သူတစ်ဦးဖြစ်ပြီး သီရိမန္တလာကားကွင်းမှာ ဆိုင်ကယ်တက္ကစီ ဌားစီးရာကနေ အချင်းများကြပြီး ငွေငါးထောင်ယူဆောင်သွားတာကို တစ်သိန်းယူတယ်ဆိုပြီး တိုင်ကြားခဲ့ပါတယ်.။

တိုင်ကြားသူဟာ မမှန်သတင်းပေးတိုင်ကြားမှု ပုဒ်မ (၁၈၂) နဲ့  မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့ နယ်၊ အမှတ် (၅) ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ် လို့  တိုင်းရဲတပ်ဖွဲ့ မှုးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 ရဲဝန်ထမ်းတစ်ဦးကို ၃၀၄(က) လူသေမှုနဲ့ အမှုဖွင့်အရေးယူထား

မန္တလေး၊ ဧပြီ-၃


သီရိမန္တလာရဲကင်းမှာ တာဝန်ကျနေတဲ့ ရဲဝန်ထမ်းတစ်ဦးက ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူတစ်ဦးကို လုယက်မှုနဲ့သံသယ ရှိသည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခဲံ့အပြီး အဲဒီတက္ကစီသမား သေဆုံးသွားခဲ့တဲ့အတွက် ရဲဝန်ထမ်းကို လူသေမှုနဲ့ အမှတ်(၅) ရဲစခန်းမှာ ဖမ်းဆီးထားပြီး ဆက်လက် စစ်ဆေးနေပါတယ်။

အဲဒီရဲဝန်ထမ်းဟာ ဆိုင်ကယ်တက္ကစီသမားကို ဖမ်းဆီးတဲ့အခါမှာ မလိုအပ်ပဲ ဒဏ်ရာရသေဆုံးစေခဲ့လို့  အခုလို ခုံဖွဲ့ စစ်ဆေးပြီး အရေးယူထားတာပါ လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရှိ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

သေဆုံးသွားတာကတော့ ရဲကင်းထဲမှာ မဟုတ်ပေမယ့် ဖမ်းဆီးတဲ့ အခါ လုံးထွေး၊ ရိုက်နှက် ခဲ့ပါတယ်။ဖမ်းဆီး စစ်ဆေးခံရပြီး ပြန်အလာ မသက်သာတဲ့အတွက် ဆေးရုံကို ကုသဖို့အသွား လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

သီရိမန္တလာ ရဲကင်းဟာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ်၊ သီရိမန္တလာ ကားဝင်းမှာ တည်ရှိပြီး အမှတ်(၅)ရဲစခန်းပိုင် နယ်မြေဖြစ်ပါတယ်။

ဖမ်းဆီးစစ်ဆေးခံ၇တဲ့ ဆိုင်ကယ်တက္ကစီသမားဟာ (၃၁-၃-၂၀၁၃) နေ့ ည သန်းခေါင်ယံ အချိန်မှာ အကျီ င်္အစိမ်းရောင်နဲ့ ခရီးသွားတစ်ဦးကို ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသွားက ပိုက်ဆံလုယက်တယ်ဆိုပြီး ရဲကင်းမှာ လာတိုင်တဲ့အတွက် တက္ကစီသမားကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးတဲ့အခါမှာ ထိုးကြိတ်မှုတွေကြောင့် အဲဒီဆိုင်ကယ် တက္ကစီသမားဟာပါးစပ်နှာခေါင်းများမှ သွေးများထွက်နေပြီး လက်ထိပ်ခတ်ကာ ခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူ ကိုပြည့်စုံအောင်ဟာ အသက် (၂၃)နှစ် အရွယ်ရှိပြီး ငါးရက်အကြာမှာ လက်ထပ်တော့မယ့် သတို့သားလောင်းလည်း ဖြစ်ပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေကတော့ အမှုပြန်ဖွင့်ပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်လို့ ပြောပါတယ်။

သေဆုံးသူရဲ ဇနီးလောင်း(အသက် ၁၇ နှစ်)ဟာ ”လုပ်တဲ့သူကို ထောင်ပြန်ချချင်တယ်၊ အမှုဖွင့်မယ်”လို့ ပြောပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...