ဧဒင်အချစ်ပုံပြင်: ကျည်ကာတဲ့ရေ

Saturday 13 April 2013

ကျည်ကာတဲ့ရေ

Photo: ကျည်ကာတဲ့ရေ
Friday, 12 April, 2013

ရုပ်ရှင်ဇာတ်ကားအများစုမှာ လူစွမ်းကောင်းမင်းသားတွေဟာ သေပြေးရှင်ပြေး
ပြေးလွှားရတဲ့အခါ ရေထဲကို ခုန်ချလိုက်တာနဲ့ အသက်ဘေးကလွတ်သွားတာ
မျိုးကို ကြည့်ဖူးကြပါလိမ့်မယ်... မေးစရာရှိတာက သေနတ်နဲ့ လိုက်ပစ်ခံနေ
ရချိန်မှာ ရေထဲကိုရောက်သွားတာနဲ့ တကယ်ပဲမသေနိုင်တော့ဘူးလားဆိုတာ
ပါပဲ... အဖြေကတော့ ဟုတ်တယ်လို့ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ဆိုနိုင်ပါတယ်...

ဘယ်ပေါ်မှာမူတည်လဲဆိုတော့ ပစ်လိုက်တဲ့ ကျည်အမျိုးအစားနဲ့ အဲ့ဒီသေနတ်ကျည်ဆံဟာ ဘယ်လောက်မြန်မြန်သွားနေလဲဆိုတာတွေပါပဲ... ယုတ္တိမတန်တဲ့အချက်က ကျည်ဆံက ဖြေးဖြေးသွားလေလေ ရေအောက်ကို ပိုနက်နက်ဝင်နိုင်လေလေဆိုတာဖြစ်ပါတယ်... ဒီလိုဘာကြောင့်ဖြစ်သလဲ
လို့ဆိုရာမှာ ရေကိုသွားထိတဲ့အချိန်မှာ ရှိနေတဲ့ အားကြောင့်လို့ဆိုနိုင်ပါ
တယ်...

အကယ်လို့ လုံလောက်တဲ့ အားပြင်းပြင်းနဲ့ထိမိမယ်ဆိုရင် ကျည်ဆန်က အားနည်းသွားပြီး အန္တရာယ်မရှိနိုင်တော့ပါဘူး... ဒါပေမဲ့ လုံလောက်အောင်
ဖြေးဖြေးလာထိမယ်ဆိုရင်လည်း လူ့အသားကို ဖောက်ထွက်သွားနိုင်လောက်
တဲ့ အလျင်နှုန်းအတိုင်း ရေထဲကို ဖြတ်ဝင်သွားမှာဖြစ်ပါတယ်... ဒါဟာ သိပ်
သည်းဆမတူတဲ့ ကြားခံတစ်ခုကို ဖြတ်သွားရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပါပဲ...

အသံထက်မြန်တဲ့ကျည်ဆံမျိုး၊ ပွိုင့်-၅ လို ကျည်မျိုးဆိုရင် ရေအနက် ၃ ပေလောက်မရောက်ခင်မှာပဲ အားနည်းသွားပါလိမ့်မယ်... ပစ္စတိုကျည်
မျိုးတွေဆိုရင်တော့ ရေအနက် ၈ ပေလောက်အထိ ရောက်မှသာ မသေနိုင်
တဲ့ အလျင်နှုန်းကို ရောက်သွားမှာဖြစ်ပါတယ်... ပြောင်းတိုသေနတ်တွေရဲ့ ကျည်ဖူးတွေဟာ ရေအောက်ကိုပိုနက်နက်ရောက်ပါတယ်...

ဒါတွေကတော့ နည်းပညာပိုင်းဆိုင်ရာတိုင်းတာမှုတွေအရ တွေ့ရှိ
ချက်တွေဖြစ်ပါတယ်... တကယ့်အခြေအနေအများစုမှာတော့ သေနတ်
ကိုစောင်းပြီးပစ်ခြင်းအားဖြင့် အန္တရာယ်ပေးနိုင်တဲ့ ရေအနက်
ကို လျှော့ချပေးနိုင်ပြီး အသက်မသေဆုံးလောက်တော့တဲ့ အခြေအနေကို ရောက်ရှိသွားစေနိုင်ပါတယ်..

Ref: Facts and GK+
နှိုင်းရင့်နွေမှတင်ဆက်သည်...
https://www.facebook.com/hnaingyintnwayရုပ်ရှင်ဇာတ်ကားအများစုမှာ လူစွမ်းကောင်းမင်းသားတွေဟာ သေပြေးရှင်ပြေး

https://www.facebook.com/hnaingyintnway

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...