ဧဒင်အချစ်ပုံပြင်: ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်

Saturday 13 April 2013

ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်


Photo: ရန်ကုန်-ပဲခူး လမ်းမပေါ်တွင် ဆလွန်းကားတစ်စီး အရှိန်လွန် ယာဉ်တိမ်းမှောက်
Saturday, April 13, 2013

ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင် 
(၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်း
ကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း
အား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈
ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အင်းတကော် စခန်းမှူး ဒုရဲအုပ် ဦးသန်းစိုးက ပြောကြားခဲ့သည်။

Eleven Media Groupဧပြီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-ပဲခူး ကားလမ်းမ မိုင်တိုင် ၃၈/၅ အနီးတွင် ယာဉ်မောင်း ကိုအောင်အောင်
(၂၃ နှစ်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) မောင်းနှင်လာသည့် ဆလွန်း
ကား အနက်ရောင်တစ်စီးသည် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်ကျွန်း
အား ဝင်တိုက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်း ကိုအောင်အောင်မှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါသူ မသဇင်ဖြိုး၊ မဝါဝါဝင်း၊ ကိုထွန်းဇော်တို့မှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။



အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) ၃၃၇/၃၃၈
ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အင်းတကော် စခန်းမှူး ဒုရဲအုပ် ဦးသန်းစိုးက ပြောကြားခဲ့သည်။

Eleven Media Group
စုစုနွေး ဓာတ်ပုံ ရိုက်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ အနိဋ္ဌာရုံ …. ။
=================================
သင်္ကြန်အကြိုနေ့ အနဌာရုံ မြင်ကွင်း တစ်ခုကို ပထမဆုံး စတင်ဖော်ပြ သူကတော့ ထန်းမနိုင်ရွာသူကနေ ဆုတံဆိပ်များစွာ ရရှိလာခဲ့တဲ့ စုစုနွေး ဆိုသော အမျိုးသမီးတစ်ယောက်ပါ။ ဖြစ်စဉ်ကို ဖော်ပြအပြီး နိုင်ငံရေး သမားတို့ရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ပြည်သူရဲ (သို့မဟုတ်) စစ်တပ်ကို တိုက်ခိုက်လိုက်ပါသေးတယ်။ ပွဲချင်းပြီး ဆုံးသွားတာမို့ သူမ ဘာမှတော့ မကူညီနိုင်ခဲ့ပေမယ့် ဓာတ်ပုံလေး ရိုက်ပြီး Facebook ပေါ် တင်လိုက်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

မူရင်းသတင်း
------------
၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။
ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှ မကူ ညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။
Su Su Nway

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...