ဧဒင်အချစ်ပုံပြင်: စမတ်ဖုန်း ကိုင်သူများ သတိထားရန် မှန်ကွဲခြင်း ပြဿနာ

Wednesday 10 April 2013

စမတ်ဖုန်း ကိုင်သူများ သတိထားရန် မှန်ကွဲခြင်း ပြဿနာ


Photo: စမတ်ဖုန်း ကိုင်သူများ သတိထားရန် မှန်ကွဲခြင်း ပြဿနာ


Samsung ဖုန်းကိုပဲ မဟုတ်ပါဘူး။ Gorilla Glass လို့ခေါ်တဲ့ ဖန်သား မျက်နှာပြင်သုံး စမတ်ဖုန်းတိုင်း သတိထားဖို့ ဖြစ်ပါတယ်။

ဒါဆို ယနေ့ခေတ် ဖုန်းတော်တော် များများပါပဲ။ iPhone တောင် ပါပါတယ်။

Gorilla ကို ယနေ့ခေတ် နောက်ဆုံးပေါ် ဖုန်းတော်တော် များများမှာ အသုံးပြု ထားပါတယ်။ အားသာချက် ကတော့ AMOLED Display များကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အားနည်း ချက်ကတော့ ပုံမှာ တွေ့မြင်ရတဲ့အတိုင်း အကြမ်းမခံခြင်း ဖြစ်ပါတယ်။

မိတ်ဆွေ တစ်ဦးရဲ့ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note 2 ပါ။ ခါးမှာ ချိတ်တဲ့ ခါးချိတ်ကနေ သမန်သလင်း ပေါ်ကို ပြုတ်ကျတာ သုံးပတ်လောက် လိမ့်သွားပါတယ်။ ကြမ်းပြင်က ချောပြီး မာနေတော့ လိမ့်လည်းလိမ့်ချင် စရာပါပဲ။ ဘေးဒေါင့်ကနေ လိမ့်ပြီး အောက်အနားနဲ့ အပေါ်အနားမှာ ယခုလို ပျက်ဆီး ခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အောက်တစ်ဝက် နီးပါးကို ပျက်ဆီး စေခဲ့ပါတယ်။ ဒါတောင် ဖုန်းရဲ့ကျောမှာ ကာဗာ တပ်ထားပါတယ်။

ဖုန်းရဲ့ အခြားအစိတ်အပိုင်း များကတော့ အကောင်းအတိုင်းပါ။ အားလုံးသုံးလို့ ရပါတယ်။ ဖန်သားမျက်နှာပြင် ကွဲသွားခြင်း ဖြစ်ပါတယ်။ အနီးဆုံးဥပမာ ပြရရင် အက်ကြောင်း ထင်နေတဲ့ ကားမှန်ကနေ အပြင်ကို ကြည့်ရသလို မြင် ရမှာ ဖြစ်ပါတယ်။ ဆိုင်ကို သွားမေးတော့ မှန်လှဲဖို့ ကုန်ကျစရိတ်က ၂ သိန်းခွဲလို့ ဆိုပါတယ်။

ဆိုင်မှာလည်း တစ်ချက် လေ့လာကြည့်လိုက်တာ Samsung Galaxy Note 2, Galaxy S3, S2, iPhone 5, iPhone 4S အပြင် အခြား အမြင့်ဖုန်း များစွာ မှန်ကွဲလို့ ရောက်နေတာ တွေ့ရပါတယ်။ အဓိက ကတော့ Gorilla Glass က ဒုက္ခပေးခြင်းပဲ ဖြစ်ပါတယ်။ နမော်နမဲ့ နိုင်သူများ အနေနဲ့ အရွယ်ကြီးတဲ့ ဖုန်းများကို ခါးမှ မချိတ်သင့်ပါဘူး။

နောက်ပြီးတော့ iPhone ဆိုရင် ဂျင်းဘောင်းဘီ အကပ်ထဲ မထည့် သင့်ပါဘူး။ iPhone 5 တစ်လုံး ဂျင်းဘောင်းဘီ တင်အိပ်ကပ်ထဲ ထည့်ထိုင်မိလို့ နှစ်ပိုင်း ကျိုးသွားတဲ့ မိတ်ဆွေ တစ်ဦးရဲ့ အဖြစ်ကိုလည်း တွေ့ဖူး မြင်ဖူး ပါတယ်။ အဲ့ဒါကျ ဖန်သားတင်မက နောက် အခွံတွေ ထိပါ စကား ပြောလာပါတယ်။

ဒီတော့ ယနေ့ခေတ် စမတ်ဖုန်း ကိုင်သူများကို ဖုန်းတွေကို ခါးချိတ်လျှင် အရွယ်အစား ကြီးက သတိပြုရန်

ဘောင်းဘီ ကပ်နေလျှင် ဖုန်းထည့်ဖို့ ချင့်ချိန်ရန် ဖန်သားမျက်နှာပြင်ကို မဆင်မခြင် အားပါးတရ ဖိနှိပ် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း လိုက်ရပါတယ်။Samsung ဖုန်းကိုပဲ မဟုတ်ပါဘူး။ Gorilla Glass လို့ခေါ်တဲ့ ဖန်သား မျက်နှာပြင်သုံး စမတ်ဖုန်းတိုင်း သတိထားဖို့ ဖြစ်ပါတယ်။ဒါဆို ယနေ့ခေတ် ဖုန်းတော်တော် များများပါပဲ။ iPhone တောင် ပါပါတယ်။

Gorilla ကို ယနေ့ခေတ် နောက်ဆုံးပေါ် ဖုန်းတော်တော် များများမှာ အသုံးပြု ထားပါတယ်။ အားသာချက် ကတော့ AMOLED Display များကို အကောင်းဆုံး ထောက်ပံ့ ပေးနိုင်ခြင်း ဖြစ်ပါတယ်။ အားနည်း ချက်ကတော့ ပုံမှာ တွေ့မြင်ရတဲ့အတိုင်း အကြမ်းမခံခြင်း ဖြစ်ပါတယ်။

မိတ်ဆွေ တစ်ဦးရဲ့ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note 2 ပါ။ ခါးမှာ ချိတ်တဲ့ ခါးချိတ်ကနေ သမန်သလင်း ပေါ်ကို ပြုတ်ကျတာ သုံးပတ်လောက် လိမ့်သွားပါတယ်။ ကြမ်းပြင်က ချောပြီး မာနေတော့ လိမ့်လည်းလိမ့်ချင် စရာပါပဲ။ ဘေးဒေါင့်ကနေ လိမ့်ပြီး အောက်အနားနဲ့ အပေါ်အနားမှာ ယခုလို ပျက်ဆီး ခဲ့ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အောက်တစ်ဝက် နီးပါးကို ပျက်ဆီး စေခဲ့ပါတယ်။ ဒါတောင် ဖုန်းရဲ့ကျောမှာ ကာဗာ တပ်ထားပါတယ်။

ဖုန်းရဲ့ အခြားအစိတ်အပိုင်း များကတော့ အကောင်းအတိုင်းပါ။ အားလုံးသုံးလို့ ရပါတယ်။ ဖန်သားမျက်နှာပြင် ကွဲသွားခြင်း ဖြစ်ပါတယ်။ အနီးဆုံးဥပမာ ပြရရင် အက်ကြောင်း ထင်နေတဲ့ ကားမှန်ကနေ အပြင်ကို ကြည့်ရသလို မြင် ရမှာ ဖြစ်ပါတယ်။ ဆိုင်ကို သွားမေးတော့ မှန်လှဲဖို့ ကုန်ကျစရိတ်က ၂ သိန်းခွဲလို့ ဆိုပါတယ်။

ဆိုင်မှာလည်း တစ်ချက် လေ့လာကြည့်လိုက်တာ Samsung Galaxy Note 2, Galaxy S3, S2, iPhone 5, iPhone 4S အပြင် အခြား အမြင့်ဖုန်း များစွာ မှန်ကွဲလို့ ရောက်နေတာ တွေ့ရပါတယ်။ အဓိက ကတော့ Gorilla Glass က ဒုက္ခပေးခြင်းပဲ ဖြစ်ပါတယ်။ နမော်နမဲ့ နိုင်သူများ အနေနဲ့ အရွယ်ကြီးတဲ့ ဖုန်းများကို ခါးမှ မချိတ်သင့်ပါဘူး။

နောက်ပြီးတော့ iPhone ဆိုရင် ဂျင်းဘောင်းဘီ အကပ်ထဲ မထည့် သင့်ပါဘူး။ iPhone 5 တစ်လုံး ဂျင်းဘောင်းဘီ တင်အိပ်ကပ်ထဲ ထည့်ထိုင်မိလို့ နှစ်ပိုင်း ကျိုးသွားတဲ့ မိတ်ဆွေ တစ်ဦးရဲ့ အဖြစ်ကိုလည်း တွေ့ဖူး မြင်ဖူး ပါတယ်။ အဲ့ဒါကျ ဖန်သားတင်မက နောက် အခွံတွေ ထိပါ စကား ပြောလာပါတယ်။

ဒီတော့ ယနေ့ခေတ် စမတ်ဖုန်း ကိုင်သူများကို ဖုန်းတွေကို ခါးချိတ်လျှင် အရွယ်အစား ကြီးက သတိပြုရန်

ဘောင်းဘီ ကပ်နေလျှင် ဖုန်းထည့်ဖို့ ချင့်ချိန်ရန် ဖန်သားမျက်နှာပြင်ကို မဆင်မခြင် အားပါးတရ ဖိနှိပ် အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း လိုက်ရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...