ဧဒင်အချစ်ပုံပြင်: ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များတွင် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားနေ၊အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ခါးပိုက်နှိုက်အချို့ ယင်းအလုပ်သာ ပြန်လည် လုပ်ကိုင်သောကြောင့်ဟု သိရ

Tuesday 9 April 2013

ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်များတွင် ခါးပိုက်နှိုက်မှု အများဆုံး ဖြစ်ပွားနေ၊အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ခါးပိုက်နှိုက်အချို့ ယင်းအလုပ်သာ ပြန်လည် လုပ်ကိုင်သောကြောင့်ဟု သိရ

အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသောခါးပိုက်နှိုက်အချို့မှာခါးပိုက်နှိုက်အလုပ်သာ ပြန်လည်
လုပ်ကိုင်နေ၍ ခါး ပိုက် နိုက်မှု များ ရှိနေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း အရှေ့ပိုင်းခရိုင်နှင့် အ
နောက်ပိုင်းခရိုင်များတွင်ခါးပိုက်နှိုက်မှုများ အများဆုံး ဖြစ် ပွားနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေး
နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်
တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်း အဝေး ဒုတိယနေ့တွင် ပြောကြားခဲ့သည်။

လမ်းမတော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက ရန်ကုန်မြို့ ရွှေတိဂုံ
ဘုရားလမ်းနှင့် ဗိုလ်တထောင်သို့ ပြေးဆွဲလျက်ရှိသော ၂၀၄ ယာဉ်လိုင်းတွင်ခရီးသည်နှင့်ဘုရားဖူး ပြည်သူ
များ ရောထွေးလျက် ကျပ်ကျပ်တည်းတည်း စီးနေရပြီး ယင်း ကားပေါ်၌ ခါးပိုက်နှိုက်များ ကျင်လည် ကျက်
စားစပြုလာကြောင်း၊သတင်းရရှိ၍ ခရီးသည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရန် မည်သို့ စီစဉ် ဆောင်ရွက်
ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်း သည့်အပေါ်တွင် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိ လူဦးရေ ခြောက်သန်းကျော် နေထိုင်လျက်ရှိပြီး နေ့စဉ် စားဝတ်နေ
ရေးနှင့် လူမှုရေးကိစ္စများအတွက် လှုပ်ရှားသွားလာရာတွင် ကိုယ်ပိုင်ကား မစီးနိုင်သော ခရီးသွားပြည်သူ
များအဖို့ရာ လိုင်းကားများကိုသာ ကျပ်တည်းစွာ စီးနင်းရကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက''ယခုအခါ အကျဉ်းထောင်
အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ခိုး၊ ဆိုး၊နှိုက် ဒုစရိုက်သမားများဟာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်
မြောက်လာပြီးနောက်မှာ တချို့သော ဒုစရိုက်သမားများဟာ သမာအာဇီဝလုပ်ငန်းတွေ လုပ်တဲ့သူ တချို့ရှိ
သလို တချို့သော ခိုးဆိုးနှိုက်များဟာ အလွယ်တကူ ခိုးဆိုးနှိုက် လုပ်ငန်းများကိုသာ ပြန်လည်လုပ်ကိုင် လာ
ကြတာ ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ 

တိုးပွားလာတဲ့လူဦးရေကြောင့်စီးနင်းရတဲ့လိုင်းကားများ ကျပ်တည်းမှု၊ ယာဉ် ကြော ပိတ်ဆို့မှုတွေကိုအခွင့်၏
ကောင်းယူပြီး ခါးပိုက်နှိုက်များဟာ မိမိတို့ရဲ့ အသက်ဝမ်းကျောင်းမှု လုပ်ကိုင်ခွင့်ကောင်းစွာ ရရှိနေကြောင်း ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ သိရှိနား လည်ပြီး ဖြစ် ပါတယ်။ အခါကြီး ရက်ကြီးများတွင်သာမက လူသွား
လူလာ များပြားတဲ့နေရာများမှာ ခါးပိုက်နှိုက် တွေ လုပ်ကိုင်ခွင့် သာနေပါတယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌ ခါးပိုက်နှိုက်မှု အများဆုံးဖြစ်ပွားသည့် နေရာမှာအရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်း ခရိုင်များဖြစ်
ပြီး မြို့နယ်များအနေဖြင့် မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံအရှေ့၊ ဒဂုံ
တောင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ လသာ၊ ပန်းဘဲတန်း၊ ကြည့်မြင်တိုင် စသော လူစည်ကားသော မြို့နယ်
များ၌ အများဆုံးဖြစ်ပွားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် ယာဉ်လိုင်းများပေါ်၌ ခါးပိုက်နှိုက်ခံရမှု မဖြစ်စေရေးအတွက် စောင့်ကြည့် ဖမ်းဆီးလျက်
ရှိပြီး ၂၀၁၃ ခုနှစ်မတ်လ ၂၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခါးပိုက်နှိုက် ၁၁ မှုကို ဖမ်းဆီးအ
ရေးယူထားကြောင်း သိရသည်။

Eleven Media Group , Rangonnewsdaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...