
တကယ့် Pin ကုဒ် ရိုက်စရာ Key pad အပေါ်မှာ နောက်ထပ် key pad အတုတစ်ခု ထပ်ခံထားပြီး ကိုယ်ရိုက်သမျှ လျှို့ ဝှက်နံပါတ်များကို မှတ်သား သွားပါတယ်။ ဒါဆို နံပါတ်က သိသွားပါပြီ။ ATM/MPU ကဒ် မရှိပဲတော့ Pin code သိရုံနဲ့ ငွေထုတ်လို့ မရတာလည်း အမှန်ပါပဲ။
သို့ပေမယ့် အမည်တူ၊ လျှို့ ဝှက်ကုဒ်နံပါတ် အတူထားတတ်တဲ့ သူများအတွက်ကတော့ ATM မဟုတ်တဲ့ အခြားဘဏ်အကောင့်မှ ငွေများ အလွယ်တကူ ခိုးလို့ရတဲ့ အနေအထားတစ်ခု ဖြစ်သွားပါတယ်။
မတော်လို့ ATM/MPU ကဒ်လည်း ခါးပိုက်ပါအနှိုက်ခံရ၊ အခိုးခံရင်တော့ အခိုးခံရဖို့ ပိုလွယ်ကူသွားပါတယ်။ ဒီတော့ ငွေအမြောက်အများ ထည့်ထားသူများအတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ဆင်ခြင်လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။
မြန်မာပြည်မှာ ဒီလိုရာဇဝတ်မှု ဖြစ်မလာနိုင်သေးပါဘူး။ မြန်မာပြည်က စက်အတော်များများမှာက လုံခြုံရေးများ စောင့်ပါတယ်။ သို့သော် သိထား၊ သတိရှိထားတာ အကောင်းဆုံးမို့ မျှဝေပေးလိုက် ရပါတယ်။
Ref: techblog
Aung Kham (TSJ team)
No comments:
Post a Comment