ဧဒင်အချစ်ပုံပြင်: မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

Monday 1 April 2013

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မတ်လ ၃၁ ရက်နေ့ညက လူနေအိမ်များရှေ ရပ်နားထားတဲ့ ကားတစီး မှန်တွေကို မူးယစ်နေတဲ့ လူငယ်တစ်စုက ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ဒါဟာ တခြားအကြောင်းကြောင့်မဟုတ်ပဲ လူငယ်သဘာဝမူးယစ်ပြီး အုပ်စုဖွဲ ရမ်းကားတာမျိုးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားချိန်မှာ ၁၂ ဦးရှိခဲ့ပေမယ့် ဖမ်းဆီးရမိချိန်မှာ ၁၁ဦးသာမိခဲ့ပြီး ခေါင်းဆောင်ဖြစ်သူ ဗေဒါကြီး ကို ဧပြီ(၁)ရက် နံနက်ပိုင်းမှာ သူအိမ်ရှေက ဖမ်းဆီးရမိခဲ့တယ်လို့ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းက တာဝန်ကျ ရဲအုပ် စိုးမိုးနိုင်မှပြောပြခဲ့ပါတယ်။



အခင်းဖြစ်ပွားချိန်မှာ ပြတ်ရှဒဏ်ရာကြောင့် မင်းပိုင်(၁၇) နှစ်ကိုလည်း ပြည်သူ့ဆေးရုံကြီးမှာ တင်ပို့ထားရတယ်လို့ သူကပဲ ပြောပြပါတယ်။ အခုလက်ရှိ သူတို့ကို ဥပဒေပုဒ်မ ၂၉၄(ဆဲဆိုရမ်းကားမှု) ၄၄၀၊ ၅၀၄၊ ၄၂၇၊၁၄၄တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

from-DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...