ဧဒင်အချစ်ပုံပြင်: ရခိုင်ပြည်နယ်တွင် (၁၅၀၀)ကျပ်တန်း ဖုန်းကဒ်များကို စစ်တွေမြို့နှင့် အမ်းမြို့မှာသာ ရောင်းချမည်

Friday 19 April 2013

ရခိုင်ပြည်နယ်တွင် (၁၅၀၀)ကျပ်တန်း ဖုန်းကဒ်များကို စစ်တွေမြို့နှင့် အမ်းမြို့မှာသာ ရောင်းချမည်

၂၄.၄.၂၀၁၃ ရက်နေ့ စတင်ရောင်းချမည့် (၁၅၀၀)ကျပ်တန်း ဖုန်း Sim Card များကို CDMA 800MHz လိုင်းသာ မိသော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် အမ်းမြို့တို့တွင်သာ ရောင်းချပေးသွားမည်ဟု သိရှိရပါသည်။ ရောင်းချပေးမည့်အစီအစဉ်အား
၁။ အိမ်ထောင်စု စာရင်းဝင်များ မှ (၁)ဦး လျှောက်ထားနိုင်ပါသည်။

၂။ လျှောက်လွှာနှင့် အတူ အိမ်ထောင်စု စာရင်း မိတ္တူ ၊ နိုင်ငံသား ကဒ်မိတ္တူ ပူးတွဲ တင်ပြရမည်။

၃။ လျှောက်လွှာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင်

ဝယ်ယူနိုင်ပါသည်။ လျှောက်လွှာ တစ်စောင်းလျှင် (၅၀)ကျပ်နှုန်းဖြင့် ၀ယ်ယူရမည်။

၎။ လျှောက်လွှာများကို (၂၁.၄.၂၀၁၃)ရက်နေ့ နောက်ဆုံး ဖြစ်ပါသည် ဟု ရခိုင်ပြည်နယ် ဆက်သွယ်ရုံးမှ ထုတ်ပြန်ထားပါသည်။

လျှောက်လွှာများ ရောင်းချရာတွင် ဦးရာ လူစနစ်ဖြင့်သာ ရောင်းချသွားမည်ဟု သိရှိရပြီး CDMA 800 MHz သည် Sim Card များကို ဈေးချိုသော်လည်း ဖုန်းခွံများ ၀ယ်ယူရာတွင် ဈေးအကွက်အတွင်း ရှားပါးမှုကြောင်း ဖုန်းခွံတစ်လုံးလျှင် သိန်းဂဏန်းအားပတ်ဝန်ကျင်တွင်ရှိသောကြောင်း ဆင်းရဲသား လူတန်းစားအတွက် ကိုင်နိုင်ရန် မလွယ်ကူးနိုင်သေးကြောင်း ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောပြသွားပါသည်။

RSV

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...