
အမျိုးသမီးမှာ ဦးခေါင်းနှင့် မေးစေ့အောက်လည်ပင်းပတ်လည် တို့တွင် ညိုမည်းဒဏ်ရာများ ရရှိ လျက် ပက်လက်အနေအထား ဖြင့် သေဆုံးနေသည်ကို တွေ့ရ ပြီး ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ရာ သေဆုံးသူမှာလွိုင်ကော်မြို့ နယ် လောပိတကျေးရွာအုပ်စုနေ မသိမ့်သိမ့်ဝင်း (၁၈)နှစ်ဖြစ် ကြောင်း သိရှိခဲ့ရသည်။ ယင်း နောက်သေဆုံးသူ မသိမ့်သိမ့်ဝင်း နှင့် အိမ်ချင်းကပ်လျက်နေထိုင်ပြီး မသိမ့်သိမ့်ဝင်း၏ ရည်စားဖြစ်သူ ထက်မင်းဦး(၂၁)နှစ်၊ မော်တော် ဆိုင်ကယ်ပြင်အလုပ်လုပ်သူအား အဆိုပါနေ့ ည ၁၀ နာရီအချိန် တွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ မသိမ့်သိမ့်ဝင်းနှင့် ထက်မင်းဦးတို့ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ချိန်း ဆိုတွေ့ဆုံကြစဉ် မသိမ့်သိမ့်ဝင်း က လက်ထပ်ပေါင်းသင်းရန် တောင်းဆိုရာမှ အစပြု၍ စကား များရန်ဖြစ်ပြီး ယင်းအခြေအနေ အထိ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
ကြီးမြင့်နိုင်(လွိုင်ကော်)
HOT NEWS WEEKLY JOURNAL
No comments:
Post a Comment