ဧဒင်အချစ်ပုံပြင်: Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)

Tuesday 16 April 2013

Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)


Photo: Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ

ဗုံးပေါက်ကွဲပြီးနောက် သဲလွန်စရှာဖွေနေစဉ် (၁၆ ဧပြီ ၂၀၁၃)


Boston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။

ဗုံးကွဲတဲ့နေရာက ကျောပိုးအိတ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမဲရောင် နိုင်လွန်စတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။ တာဝန်ရှိသူကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့အစွန်အဖျားအထိပါ သွားရောက်ရှာဖွေမယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။

ကနဦး ထောက်လှမ်းရေး အချက်အလက်တွေ မရှိတာကြောင့် ဒီကိစ္စမှာတော့ အယ်လ်ကိုင်းဒါး ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရ တရပ်ရပ်က ပါဝင်ပုံတော့ မရှိဘူးလို့ Maryland ပြည်နယ် ဒီမိုကရက်တစ်အမတ် ဒတ်ခ်ျ ရတ်ပါဘာဂါ (Dutch Ruppersberger) က လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

တနင်္လာနေ့က စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးကြောင့် မာရသွန် ပန်းဝင်လိုင်းအနီးက လူသုံးဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လူပေါင်း ၁၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အတော်များများက ခြေလက်တွေ ဆုံးရှုံးခဲ့ကြပါတယ်။

VOABoston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။

ဗုံးကွဲတဲ့နေရာက ကျောပိုးအိတ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမဲရောင် နိုင်လွန်စတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။ တာဝန်ရှိသူကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့အစွန်အဖျားအထိပါ သွားရောက်ရှာဖွေမယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။

ကနဦး ထောက်လှမ်းရေး အချက်အလက်တွေ မရှိတာကြောင့် ဒီကိစ္စမှာတော့ အယ်လ်ကိုင်းဒါး ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရ တရပ်ရပ်က ပါဝင်ပုံတော့ မရှိဘူးလို့ Maryland ပြည်နယ် ဒီမိုကရက်တစ်အမတ် ဒတ်ခ်ျ ရတ်ပါဘာဂါ (Dutch Ruppersberger) က လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

တနင်္လာနေ့က စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးကြောင့် မာရသွန် ပန်းဝင်လိုင်းအနီးက လူသုံးဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လူပေါင်း ၁၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အတော်များများက ခြေလက်တွေ ဆုံးရှုံးခဲ့ကြပါတယ်။

VOA

Photo: ဘော်စတွန်ဗုံးကွဲမှု ဆက်စပ်ဓာတ်ပုံ FBI ထုတ်ပြန် 
Wednesday, April 17,2013

ဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက်လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သံတိုသံစလေးတွေရှိတဲ့ ပေါင်းအိုး (pressure cooker) ထဲကို ဗုံးထည့်ထားတယ်၊ ပေါင်းအိုးကိုတော့ ကျောပိုးအိတ်ထဲ ထည့်ထားတယ် ဆိုပြီး ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ် တဲ့။


မီးဖိုဆောင်သုံး ပေါင်းအိုး အစိတ်အပိုင်းတခုပုံ၊ ကျောပိုးအိတ်ပုံတို့ကိုလည်း FBI ထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မာရသွန်ပြိုင်ပွဲ ပန်းဝင်တဲ့နေရာအနီးတ၀ိုက် ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့ပါတယ်။

အများအပြား ဒဏ်ရာ ရရှိခဲ့ရာမှာ ဒီကနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒဏ်ရာရသူအရေအတွက် ၁၇ဝ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

ဒီလို ထိခိုက်မှုတွေအတွက် ဘော်စတွန်မြို့မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်လုပ်မယ့် အစီအစဉ်တခု ရှိတယ်၊ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် အဲဒီ အစီအစဉ်ကို သမ္မတအိုဘားမားလည်း တက်ရောက်မယ် လို့ Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။


ဧရာဝတီဘော်စတွန်မြို့ ပေါက်ကွဲမှုများမှာ သုံးသွားတဲ့ဗုံးတွေထဲက တခုအကြောင်းကို အမေရိကန် ထောက်လှမ်းရေးက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီ လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သံတိုသံစလေးတွေရှိတဲ့ ပေါင်းအိုး (pressure cooker) ထဲကို ဗုံးထည့်ထားတယ်၊ ပေါင်းအိုးကိုတော့ ကျောပိုးအိတ်ထဲ ထည့်ထားတယ် ဆိုပြီး ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ် တဲ့။


မီးဖိုဆောင်သုံး ပေါင်းအိုး အစိတ်အပိုင်းတခုပုံ၊ ကျောပိုးအိတ်ပုံတို့ကိုလည်း FBI ထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မာရသွန်ပြိုင်ပွဲ ပန်းဝင်တဲ့နေရာအနီးတ၀ိုက် ပေါက်ကွဲမှုနှစ်ခု ဆက်တိုက်ဖြစ်ခဲ့တဲ့အတွက် သုံးဦး သေဆုံးခဲ့ပါတယ်။

အများအပြား ဒဏ်ရာ ရရှိခဲ့ရာမှာ ဒီကနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒဏ်ရာရသူအရေအတွက် ၁၇ဝ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

ဒီလို ထိခိုက်မှုတွေအတွက် ဘော်စတွန်မြို့မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ်လုပ်မယ့် အစီအစဉ်တခု ရှိတယ်၊ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် အဲဒီ အစီအစဉ်ကို သမ္မတအိုဘားမားလည်း တက်ရောက်မယ် လို့ Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။


ဧရာဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...