ဧဒင်အချစ်ပုံပြင်: FEC ဖျက်သိမ်းမည်ဖြစ်ရာ အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့် လဲလှယ်နိုင်သည့် ကာလအား အချိန်သုံးလသာ ခွင့်ပြု

Wednesday 24 April 2013

FEC ဖျက်သိမ်းမည်ဖြစ်ရာ အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့် လဲလှယ်နိုင်သည့် ကာလအား အချိန်သုံးလသာ ခွင့်ပြု


Photo: FEC ဖျက်သိမ်းမည်ဖြစ်ရာ အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့် လဲလှယ်နိုင်သည့် ကာလအား အချိန်သုံးလသာ ခွင့်ပြု
Thursday, April 25, 2013

ပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့် နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) ဖျက်သိမ်းမည့် အစီအစဉ်အား တရားဝင် ထုတ်ပြန်လိုက်ပြီး အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့်ပါ တန်ဖိုးတူ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။

FEC အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားသည့် ငွေလဲလှယ်ကောင်တာများတွင် တရားဝင် လဲလှယ်နိုင်ကြောင်း သိရသည်။

အဆိုပါ လဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက သုံးစွဲခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

FEC အား လက်ဝယ်ကိုင်ဆောင်ထားသူ အနေဖြင့် တရားဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဘဏ်များ ငွေလဲကောင်တာများ၌ အမေရိကန်ဒေါ်လာအပြင် ဈေးကွက်ပေါက်ဈေးဖြစ်သည့် ကျပ်ငွေဖြင့်ပါ လဲလှယ်နိုင်ပြီး FEC ကိုင်ဆောင်သူ၏ နိုင်ငံခြား ငွေစာရင်းတွင် တန်ဖိုးတူ အမေရိကန်ဒေါ်လာ ဖြည့်သွင်းခြင်း၊ နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ်ပေးခြင်းများ အပြင် လဲလှယ်သူ ဆန္ဒအတိုင်း အမေရိကန်ဒေါ်လာ၊ ကျပ်ငွေများအား တန်ဖိုးတူ၊ ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ကာလ ကျော်လွန်ပါက FEC အား သုံးစွဲခွင့်ပြုမည် မဟုတ်သော်လည်း ဗဟိုဘဏ် အပါအ၀င် သက်ဆိုင်ရာ ငွေလဲလှယ်ရာ နေရာများတွင် သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်သည့် အကြောင်းအရင်းနှင့် လဲလှယ်သူ၏ ကိုယ်ရေး အချက်အလက်များအား တင်ပြလဲလှယ်နိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ အကြောင်းပြချက် ဖော်ပြလဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်အထိသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်ပါက လဲလှယ်ခြင်း သုံးစွဲခြင်းများအား အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် FEC သုံးစွဲမှု အနေဖြင့် အစိုးရဘီလ်တချို့ ပေးဆောင်ရခြင်းနှင့် MFTB၊ MICB ဘဏ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်း စသည့်နေရာများတွင်သာ အသုံးပြုနေပြီး FEC ရုပ်သိမ်းရာတွင် ပြည်တွင်းဈေးကွက်အတွင်း သက်ရောက်မှု နည်းပါးစွာ ရုပ်သိမ်းနိုင်ရန်နှင့် အခက်အခဲမရှိ ရုပ်သိမ်းနိုင်ဖွယ် ရှိကြောင်း သိရသည်။

"FEC ကို လဲလှယ်ဖို့ သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာပဲ သုံးစွဲခွင့် ပြုသွားမှာပါ။ လဲလှယ်ခွင့်ကာလ ကျော်သွားရင်တော့ သုံးစွဲခွင့် မပြုတော့ပါဘူး။ သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်လို့ ပြည်သူ့လက်ထဲမှာ FEC ကျန်နေသေးရင် သုံးစွဲခွင့် မပြုပေမဲ့ ဆက်လက်လဲလှယ်ခွင့်တော့ ပေးအပ်မှာပါ" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင် ထုတ်ဝေသုံးစွဲခဲ့သည့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူ ထုတ်ဝေခဲ့သည့် FEC အား အများပြည်သူများလက်တွင်း သုံးစွဲလည်ပတ်ငွေ ယူနစ်ပေါင်းမှာ ၃၀ ဒသမ ၉၂ သန်းကျော်အထိ ရှိနေပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးတူ လဲလှယ်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၂၀ ရက်နေ့တွင် တန်ဖိုးတူ လဲလှယ်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။    

Eleven Media Groupပြည်တွင်းသုံးငွေနှင့် အမေရိကန်ဒေါ်လာအကြား တန်ဖိုးညှိ သုံးစွဲခဲ့သည့် နိုင်ငံခြားငွေလက်မှတ် FEC (Foreign Exchange Certificate) ဖျက်သိမ်းမည့် အစီအစဉ်အား တရားဝင် ထုတ်ပြန်လိုက်ပြီး အမေရိကန်ဒေါ်လာအပြင် ကျပ်ငွေဖြင့်ပါ တန်ဖိုးတူ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ခဲ့သည်။

FEC အား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တရားဝင် ဖွင့်လှစ်ခွင့် ပြုထားသည့် ငွေလဲလှယ်ကောင်တာများတွင် တရားဝင် လဲလှယ်နိုင်ကြောင်း သိရသည်။

အဆိုပါ လဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိသာ ခွင့်ပြုမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက သုံးစွဲခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

FEC အား လက်ဝယ်ကိုင်ဆောင်ထားသူ အနေဖြင့် တရားဝင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဘဏ်များ ငွေလဲကောင်တာများ၌ အမေရိကန်ဒေါ်လာအပြင် ဈေးကွက်ပေါက်ဈေးဖြစ်သည့် ကျပ်ငွေဖြင့်ပါ လဲလှယ်နိုင်ပြီး FEC ကိုင်ဆောင်သူ၏ နိုင်ငံခြား ငွေစာရင်းတွင် တန်ဖိုးတူ အမေရိကန်ဒေါ်လာ ဖြည့်သွင်းခြင်း၊ နိုင်ငံခြားငွေစာရင်း အသစ်ဖွင့်လှစ်ပေးခြင်းများ အပြင် လဲလှယ်သူ ဆန္ဒအတိုင်း အမေရိကန်ဒေါ်လာ၊ ကျပ်ငွေများအား တန်ဖိုးတူ၊ ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သတ်မှတ်ကာလ ကျော်လွန်ပါက FEC အား သုံးစွဲခွင့်ပြုမည် မဟုတ်သော်လည်း ဗဟိုဘဏ် အပါအ၀င် သက်ဆိုင်ရာ ငွေလဲလှယ်ရာ နေရာများတွင် သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်သည့် အကြောင်းအရင်းနှင့် လဲလှယ်သူ၏ ကိုယ်ရေး အချက်အလက်များအား တင်ပြလဲလှယ်နိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ အကြောင်းပြချက် ဖော်ပြလဲလှယ်ရမည့် ကာလအား ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်အထိသာ လဲလှယ်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါကာလ ကျော်လွန်ပါက လဲလှယ်ခြင်း သုံးစွဲခြင်းများအား အပြီးတိုင် ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိကာလတွင် FEC သုံးစွဲမှု အနေဖြင့် အစိုးရဘီလ်တချို့ ပေးဆောင်ရခြင်းနှင့် MFTB၊ MICB ဘဏ်များတွင် နိုင်ငံခြား အဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်း စသည့်နေရာများတွင်သာ အသုံးပြုနေပြီး FEC ရုပ်သိမ်းရာတွင် ပြည်တွင်းဈေးကွက်အတွင်း သက်ရောက်မှု နည်းပါးစွာ ရုပ်သိမ်းနိုင်ရန်နှင့် အခက်အခဲမရှိ ရုပ်သိမ်းနိုင်ဖွယ် ရှိကြောင်း သိရသည်။

"FEC ကို လဲလှယ်ဖို့ သတ်မှတ်ပေးထားတဲ့ ကာလအတွင်းမှာပဲ သုံးစွဲခွင့် ပြုသွားမှာပါ။ လဲလှယ်ခွင့်ကာလ ကျော်သွားရင်တော့ သုံးစွဲခွင့် မပြုတော့ပါဘူး။ သတ်မှတ်ကာလအတွင်း မလဲလှယ်နိုင်လို့ ပြည်သူ့လက်ထဲမှာ FEC ကျန်နေသေးရင် သုံးစွဲခွင့် မပြုပေမဲ့ ဆက်လက်လဲလှယ်ခွင့်တော့ ပေးအပ်မှာပါ" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင် ထုတ်ဝေသုံးစွဲခဲ့သည့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူ ထုတ်ဝေခဲ့သည့် FEC အား အများပြည်သူများလက်တွင်း သုံးစွဲလည်ပတ်ငွေ ယူနစ်ပေါင်းမှာ ၃၀ ဒသမ ၉၂ သန်းကျော်အထိ ရှိနေပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးတူ လဲလှယ်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၂၀ ရက်နေ့တွင် တန်ဖိုးတူ လဲလှယ်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...