ဧဒင်အချစ်ပုံပြင်: Rဇာနည်နှင့် တွေ့ဆုံခြင်း

Wednesday 10 April 2013

Rဇာနည်နှင့် တွေ့ဆုံခြင်း

Photo: Rဇာနည်နှင့် တွေ့ဆုံခြင်း
Wednesday, April 10, 2013


အသံအားကောင်းကောင်းနှင့် တေးသီချင်းများကို သီဆိုတတ်သူ၊ သီဆိုသမျှ သီချင်းများက ပရိသတ်အကြိုက်နှင့် ထပ်တူကျလေ့ရှိသူ၊ တေးသံရှင် Rဇာနည်နှင့် ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သော မိဘမဲ့ကလေးများ ရန်ပုံငွေ ဈေးရောင်း ပွဲတော်တွင် တွေ့ဆုံခိုက် ပရိသတ်များ စိုးရိမ်ခဲ့ကြသော သူ၏ကျန်းမာရေး အခြေအနေနှင့် အဆိပ်တက်အိပ်မက် ဗွီစီဒီအကြောင်းကို The Voice က မေးမြန်းထား ပါသည်။

Voice : ပရိသတ်တွေ စိုးရိမ်ခဲ့ ကြတဲ့ အစ်ကိုရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြပေးပါဦး။

RZN : ကျန်းမာရေးကတော့ မြင်တဲ့အတိုင်းပါပဲ။ အားလုံး ကောင်းပါတယ်။ အဓိကကတော့ ကျွန်တော် ခရီးပန်းပြီး နည်းနည်း နေမကောင်း ဖြစ်သွားတာပါ။

Voice : အဆိပ်တက်အိပ်မက်ခွေ ရဲ့ ဗီစီဒီကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

RZN : အဆိပ်တက်အိပ်မက် ဗီစီဒီက အားလုံးပြီးနေပါပြီ။ ပထမတော့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ထွက်မလို့ပဲ။ သင်္ကြန်ကာလနဲ့ ကြုံသွားတော့ ပရိသတ်တွေက ဒီအပေါ် အာရုံကျနေကြတာ ဆိုတော့ သင်္ကြန်ပြီးမှပဲ ထွက်တော့မယ်။ အားလုံးလက်ထဲမှာ အဆင်သင့်ရှိနေပြီ။

Voice : ဒါရိုက်တာတွေ၊ သရုပ်ဆောင် တွေက ဘယ်သူတွေပါမလဲ။

RZN : ဒါရိုက်တာတွေက မျိုးဆွေသန်း၊ ဝဏ္ဏခွာနီး၊ အေးဇော်မိုးတို့ ပါတယ်။ သရုပ်ဆောင်တွေက မင်းမော်ကွန်း၊ ဝိုင်းစုခိုင်သိန်း၊ ဖြိုးငွေစိုး၊ ဇင်ဇင်၊ သန္တာဗိုတို့ ပါတယ်။ IC ကလည်း သရုပ်ဆောင် ပေးထားပါတယ်။

Voice : လုပ်လက်စစီးရီးတွေ ရှိရင် ပြောပြ ပေးပါဦး။

RZN : လုပ်လက်စ အခွေတွေလည်း ရှိပါတယ်။ အဲဒီထဲက အတွဲခွေ တွေကော ထွက်နေပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်ထွက်မယ့် တစ်ကိုယ်တော်စီးရီး အတွက် သီချင်းတွေ စုနေပါတယ်။

Voice : ဒီစီးရီးမှာက ရှေ့ကထွက်ထားတဲ့ ခွေတွေနဲ့ Music ပိုင်း ကွဲပြားနိုင်လား။

RZN : ဒီခွေမှာတော့ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေချည်း ဖြစ်မယ်။ Music ပိုင်းကတော့ ပုံမှန်ပါပဲ။ သီချင်းကောင်း လေးတွေ ရွေးထားပါတယ်။

Voice : အစ်ကိုက ကိုယ်ပိုင်သံစဉ် ဆိုတာရှားတော့ အခုလို ကိုယ်ပိုင်သံစဉ် တွေချည်း ဆိုဖြစ်တဲ့ စိတ်ကူးကရော။

RZN : ကိုယ်ပိုင်သံစဉ် သီချင်းက ဆိုတော့ဆိုဖြစ်ပါတယ်။ ရှားတော့ရှားတယ်။ ဒီခွေကို စီစဉ်ဖြစ်တာ ကလည်း လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ပါ။

Voice : ဒီနှစ်သင်္ကြန်ကရော ဘယ်မှာရှိမှာလဲ။

RZN : သင်္ကြန်ကတော့ ကျွန်တော် မန္တလေး Alpineမဏ္ဍပ်မှာ သီချင်းဆိုပါမယ်။
(သန့်ဇင်ဦး)
The voice Weeklyအသံအားကောင်းကောင်းနှင့် တေးသီချင်းများကို သီဆိုတတ်သူ၊ သီဆိုသမျှ သီချင်းများက ပရိသတ်အကြိုက်နှင့် ထပ်တူကျလေ့ရှိသူ၊ တေးသံရှင် Rဇာနည်နှင့် ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သော မိဘမဲ့ကလေးများ ရန်ပုံငွေ ဈေးရောင်း ပွဲတော်တွင် တွေ့ဆုံခိုက် ပရိသတ်များ စိုးရိမ်ခဲ့ကြသော သူ၏ကျန်းမာရေး အခြေအနေနှင့် အဆိပ်တက်အိပ်မက် ဗွီစီဒီအကြောင်းကို The Voice က မေးမြန်းထား ပါသည်။

Voice : ပရိသတ်တွေ စိုးရိမ်ခဲ့ ကြတဲ့ အစ်ကိုရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြပေးပါဦး။

RZN : ကျန်းမာရေးကတော့ မြင်တဲ့အတိုင်းပါပဲ။ အားလုံး ကောင်းပါတယ်။ အဓိကကတော့ ကျွန်တော် ခရီးပန်းပြီး နည်းနည်း နေမကောင်း ဖြစ်သွားတာပါ။

Voice : အဆိပ်တက်အိပ်မက်ခွေ ရဲ့ ဗီစီဒီကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

RZN : အဆိပ်တက်အိပ်မက် ဗီစီဒီက အားလုံးပြီးနေပါပြီ။ ပထမတော့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ထွက်မလို့ပဲ။ သင်္ကြန်ကာလနဲ့ ကြုံသွားတော့ ပရိသတ်တွေက ဒီအပေါ် အာရုံကျနေကြတာ ဆိုတော့ သင်္ကြန်ပြီးမှပဲ ထွက်တော့မယ်။ အားလုံးလက်ထဲမှာ အဆင်သင့်ရှိနေပြီ။

Voice : ဒါရိုက်တာတွေ၊ သရုပ်ဆောင် တွေက ဘယ်သူတွေပါမလဲ။

RZN : ဒါရိုက်တာတွေက မျိုးဆွေသန်း၊ ဝဏ္ဏခွာနီး၊ အေးဇော်မိုးတို့ ပါတယ်။ သရုပ်ဆောင်တွေက မင်းမော်ကွန်း၊ ဝိုင်းစုခိုင်သိန်း၊ ဖြိုးငွေစိုး၊ ဇင်ဇင်၊ သန္တာဗိုတို့ ပါတယ်။ IC ကလည်း သရုပ်ဆောင် ပေးထားပါတယ်။

Voice : လုပ်လက်စစီးရီးတွေ ရှိရင် ပြောပြ ပေးပါဦး။

RZN : လုပ်လက်စ အခွေတွေလည်း ရှိပါတယ်။ အဲဒီထဲက အတွဲခွေ တွေကော ထွက်နေပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်ထွက်မယ့် တစ်ကိုယ်တော်စီးရီး အတွက် သီချင်းတွေ စုနေပါတယ်။

Voice : ဒီစီးရီးမှာက ရှေ့ကထွက်ထားတဲ့ ခွေတွေနဲ့ Music ပိုင်း ကွဲပြားနိုင်လား။

RZN : ဒီခွေမှာတော့ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေချည်း ဖြစ်မယ်။ Music ပိုင်းကတော့ ပုံမှန်ပါပဲ။ သီချင်းကောင်း လေးတွေ ရွေးထားပါတယ်။

Voice : အစ်ကိုက ကိုယ်ပိုင်သံစဉ် ဆိုတာရှားတော့ အခုလို ကိုယ်ပိုင်သံစဉ် တွေချည်း ဆိုဖြစ်တဲ့ စိတ်ကူးကရော။

RZN : ကိုယ်ပိုင်သံစဉ် သီချင်းက ဆိုတော့ဆိုဖြစ်ပါတယ်။ ရှားတော့ရှားတယ်။ ဒီခွေကို စီစဉ်ဖြစ်တာ ကလည်း လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ပါ။

Voice : ဒီနှစ်သင်္ကြန်ကရော ဘယ်မှာရှိမှာလဲ။

RZN : သင်္ကြန်ကတော့ ကျွန်တော် မန္တလေး Alpineမဏ္ဍပ်မှာ သီချင်းဆိုပါမယ်။
(သန့်ဇင်ဦး)
The voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...