ဧဒင်အချစ်ပုံပြင်: TATA Nano ကို ဈေးသက်သာစွာဖြင့် မေလစရောင်းမည်

Sunday 28 April 2013

TATA Nano ကို ဈေးသက်သာစွာဖြင့် မေလစရောင်းမည်

tata-nano-furquan

ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပြီဖြစ်သော အိန္ဒိယနိုင်ငံထုတ်တန်ဖိုးနည်းကားများဖြစ်သော TATA Nano
မော်တော်ယာဉ်များကိုယခုလကုန်၌ ရောင်းချမည့်ဈေးနှုန်း ကြေငြာ၍ မေလဆန်းတွင်ရောင်းချသွားရန်စီစဉ်
လျှက် ရှိကြောင်း အဆိုပါ မော်တော်ယာဉ်တင်သွင်းရောင်းချသည့် Apex Greatest Industrial မှ အကြီးတန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

လက်ရှိတွင်ဆိပ်ကမ်းမှ မထုတ်ယူရသေးခြင်းနှင့် ကုန်ကျစရိတ်များ အသေးစိတ်မတွက်ချက်ရသေးခြင်း
ကြောင့် ဈေးနှုန်းမထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

“အိန္ဒိယကားဆိုတော့ ဒီကချယ်ရီထက်တော့ သာမှာပါ။ ဈေးနှုန်းပဲကြည့်ရမယ် သေချာတာကတော့ဂျပန် 1.3 (အင်ဂျင်ပါဝါ ၁၃၀၀ စီစီ) ကားတွေလောက်တော့ လူကြိုက်များမှာမဟုတ်ဘူး”ဟုဝါရင့်ယာဉ်ဝယ်ရောင်းလုပ်
ငန်းရှင် ဦးသန်းမြင့်က ပြောဆိုသည်။

Tata Nano Interior
TATA Nano အပြင် TATA Manza, TATA Xenon Single Cab နှင့် Space Cab များပါ ရန်ကုန် ဆိပ်ကမ်းသို့
ရောက်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ TATA ကုန်တင်ယာဉ်ကြီး နှင့် ကုန်တင်ယာဉ်ငယ်
များ ကိုလည်း ဧပြီလ ၇ ရက်နေ့မှ စတင်၍ ပုလဲဥယျာဉ်အိမ်ရာ ၊ ပုလဲမြို့သစ် ၊ မင်္ဂလာဒုံမြို့နယ်ရှိ Apex Greatest Industrial ကုမ္ပဏီ၏ အရောင်းပြခန်းတွင်စတင်ရောင်းချခဲ့ပြီး ကားအမျိုးအစားပေါ်မှုတည်၍ ကျပ်
သိန်း ၁၁၀ မှ သိန်း ၆၁၀ အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ အကြီးအကဲတစ်ဦးက ပြောကြား
သည်။

လက်ရှိပြည်တွင်းကားဈေးကွက်တွင် ဈေးအချိုဆုံး ယာဉ်များဖြစ်သော ပြည်တွင်းစက်မှုဇုန်ထုတ် အမိုးဖွင့် ဂျစ်ကား (ဂျစ်ပု၊ ရှမ်းစတားဂျစ်) တစ်စီးလျှင် ကျပ်သိန်း ၂၅ သိန်းမှ သိန်း ၃၀ ၀န်းကျင်၊ချယ်ရီဝက်ဂွန် နှင့် မြန်
မာ မီနီဆလွန်းတို့မှာ ကျပ်သိန်း ၆၀ မှ ၆၅ အထိဈေးပေါက် လျက်ရှိကြောင်း အဆိုပါဈေးကွက်မှစုံစမ်းသိရှိ ရသည်။
tata-nano-furquan


အင်ဂျင်ပါဝါ ၆၂၄ စီစီ ရိုးရိုး ဂီယာအမျိုးအစား TATA Nano မော်တော်ယာဉ်တစ်စီးကို မော်ဒယ် အနိမ့် အမြင့်
ပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၂၈၀၀ (ကျပ် ၂၅ သိန်းခန့် ) မှ ၄၀၀၀ (ကျပ် ၃၇ သိန်း ၀န်းကျင်) အထိရှိ
ကြောင်း TATA Nano ၏ တရားဝင် အင်တာနက်စာမျက်နှာပေါ်တွင်ဖော်ပြထားသည်။

Myanmar CarDB, Rangonnewsdaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...