တစ်လီတာကားဆိုပြီး
နာမည်ကြီးနေတဲ့ Volkswagen ရဲ့  XL1 က အင်ဂျင် အရွယ် ၁ လီတာတောင်
မရှိတော့ပါဘူး။ ၈၀၀ စီစီ တာဘိုချာဂျာတပ် ဆလင်ဒါ ၂ လုံးတပ် အင်ဂျင်ကို
အသုံးပြု ပါတယ်။ ဆီတိုင်ကီက ၂ ဂါလံခွဲကျော် ဆန့်တဲ့အတွက် မိုင် ၃၀၀ ကျော်ကို အသာလေး မောင်းနိုင်ပါတယ်။ မြင်းကောင်ရေအား ၃၀ နီးပါးထုတ်နိုင်မယ့် ဘက်ထရီတစ်လုံးလည်း ပါပါသေးတယ်။ သူက ဟိုင်းဘရစ်ကား ဖြစ်ပါတယ။်
ယမန်နှစ် ပြသတုန်းက အင်ဂျင်တစ်လီတာ ရှိပြီး ဟိုင်းဘရစ်ဘက်ထရီ ပါမလာပါဘူး။ ယခုမှာတော့ အင်ဂျင် ၈၀၀ စီစီ သာကျန်ရှိပြီး အားထပ်ဖြည့်ပေးမယ့် ဘက်ထရီလည်းပါတဲ့အတွက် Eco System ကိုများစွာ အထောက်အကူအပြုတဲ့ ကား တစ်စီး ဖြစ်လာပါတယ်။ အစီးရေ ရာဂဏန်းသာ ထုတ်လုပ်ထားသေးပြီး အမေရိကန်ကို Test အတွက် အစီး ၂၀ ပို့လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
No comments:
Post a Comment