ဧဒင်အချစ်ပုံပြင်: မိုဘိုင်းဖုန်းအင်တာနက်စနစ်ဆက်သွယ်မှု အသုံးပြုလိုသည့်ပြည်သူများ မိမိတို့မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားခွင့်ရရန်လိုလားကြ

Wednesday 1 May 2013

မိုဘိုင်းဖုန်းအင်တာနက်စနစ်ဆက်သွယ်မှု အသုံးပြုလိုသည့်ပြည်သူများ မိမိတို့မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားခွင့်ရရန်လိုလားကြ

Photo: မိုဘိုင်းဖုန်းအင်တာနက်စနစ်ဆက်သွယ်မှု အသုံးပြုလိုသည့်ပြည်သူများ မိမိတို့မြို့နယ်ဆက်သွယ်ရေးရုံးများတွင် လျှောက်ထားခွင့်ရရန်လိုလားကြ
Wednesday ,May 01,2013

ကျပ် ၁၅၀၀ – တန်ဖိုးနည်းပိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များ ချထားပေးပြီးသည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ-၂၄ ရက်နေ့တွင် မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ“ပြည်သူများသို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းများနှင့်ပတ်သက်၍ ထပ်မံအသိပေးကြေညာချက်´´ ကိုနိုင်ငံပိုင် သတင်းစားများ၌ အသိပေးကြေညာခဲ့သည်။ အဆိုပါကြေညာချက်တွင်“ MECTEL အမှတ်တံဆိပ်ပါတန်ဖိုးနည်း CDMA 800MHz မိုဘိုင်းတယ်လီဖုန်းစနစ် သည်လက်ရှိမိုဘိုင်းတယ်လီဖုန်းများကဲ့သို့ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်(၅၀) ကျပ်ဖြစ်သည်။ 

အ၀င်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုအပ်ပါ။အင်တာနက်အသုံးပြုမှုအတွက် ငွေကောက်ခံမှုနှုန်းမှာ ယခင် CDMA 800 MHz မိုဘိုင်းတယ်လီဖုန်းများကဲ့သို့တစ်မိနစ်အသုံးပြုခ (၄)ကျပ်ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီးမန်နေဂျာ ရုံးများတွင်အင်တာနက်စနစ် ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ်(၁၀၀၀၀)ပေးသွင်းလျှောက်ထားနိုင်ပါမည်´´ ဟု ပါရှိကြောင်းသိရသည်။အဆိုပါကြေညာချက်ပါ “အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခ ကျပ်(၁၀၀၀၀)ပေးသွင်းလျှောက်ထားရပါမည်´´ ဆိုသောအချက်နှင့်ပတ်သက်၍ ပြည်သူများအကြားတွင် ဖြေလျှော့မှုများ ဆောင်ရွက်ပေးရန် လိုလားလျှက်ရှိနေကြောင်းသိရပါသည်။

ပြည်သူတွေအတွက်ဆက်သွယ်မှုတွင် အဆင်ပြေဖို့အတွက် ကျပ်-၁၅၀၀ တန်တယ်လီဖုန်းတွေဖြေလျှော့ချထားပေးတဲ့အတွက် ပြည်သူတွေအားလုံးက ၀မ်းသာပျော်ရွှင်ကြသည်။ 

ဒါပေမဲ့ “ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် အင်တာနက်စနစ်ဆက်သွယ်မှု ကနဦးတပ်ဆင်ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်ထားရပါမည်။´´ ဆိုတဲ့အချက်ကိုတော့ ထပ်မံ ပြင်ဆင်ပေးဖို့ လိုအပ်နေကြောင်းပြောနေကြသည်။ အင်တနကအသုံးပြုလိုရင် သက်ဆိုင်ရာပြည်နယ်တိုင်းဒေသကြီးမန်နေဂျာရုံးများတွင် သွားရောက်လျှောက်ထားရမယ် ဆိုတဲ့ အချက်က ပြည်သူတွေကိုကုန်ကျစရိတ်ပိုမိုကုန်ကျအောင်နှင့် ခက်ခဲမှုရှိအောင်သတ်မှတ်တဲ့ သဘောမျိုးဖြစ်နေပါတယ်။ အင်တာနက်အသုံးပြုနိုင်မှုကိုသွယ်ဝိုက်ပိတ်ပင်တဲ့သဘောမျိုးလည်းသက်ရောက်နေတယ်။နောက်ပြီးကြားပွဲစားတွေပေါ်ပေါက်အောင် အခြေအနေဖန်တီးသလိုမျိုး ဖြစ်နေတယ်။

ဥပမာပြောရင် စစ်ကိုင်းမြို့က ပြည်သူတစ်ဦးက အင်တာနက်အသုံးပြုချင်တယ်ဆိုရင် တိုင်းဒေသကြီးမန်နေဂျာရုံး ရှိတဲ့မုံရွာမြို့ကို သွားပြီးလျှောက်ရမယ်။ လမ်းစရိတ်နဲ့ စားစရိတ်ကတစ်ခေါက်ကို ငွေကျပ်တစ်သောင်းအနည်းဆုံးပိုကုန်ရမယ်။ တစ်ခေါက်နဲ့မပြီးပြတ်ရင် ဒီထက်ပိုကုန်မယ်။ စစ်ကိုင်းမြို့နယ်ကလူတွေက စစ်ကိုင်းဆက်သွယ်ရေးရုံးမှာပဲ အင်တာနက်လျှောက်ခွင့်ရရင် အချိန်ရော ၊အပိုငွေရော အပိုကုန်စရာမလိုတော့ဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ခန္တီး၊ဟုမ္မလင်း၊ တမူး၊ ကလေး၊ ကသာ၊ ကောလင်း၊ ဗန်းမောက်၊ ၊ပင်လယ်ဘူးလိုမြို့နယ်တွေက မုံရွာမြို့ လာလျှောက်ရမယ့် ကုန်ကျစရိတ်ဆိုရင် သိန်းဂဏန်းအထိ ရောက်သွားနိုင်တယ်။ 

ကိုယ့်မြို့နယ်မှာဆက်သွယ် ရေးရုံးတွေရှိနေပါလျှက်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး မန်နေဂျာရုံးတွေအထိ သွားလျှောက်ရမယ်ဆိုတာ မဖြစ်သင့်ဘူး။ အရင်တုန်းက အချိန်မပေးနိုင်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆက်သွယ်ရေးရုံးတွေကို ကိုယ်တိုင်သွာမလျှောက်နိုင်ရင် ကြားပွဲစားတွေကို ၀န်ဆောင်ခကျပ်ငါးထောင်၊ တစ်သောင်း အနည်းဆုံးပေးပြီးလုပ်ခိုင်းကြရတယ်။ 

ပွဲးစားလုပ်တဲ့သူတွေကလဲ တစ်ခြားကလူတွေမဟုတ်ဘူး။ ၀န်ထမ်းတွေနဲ့ ဆက်စပ်သူတွေက လုပ်နေကြတာ။ ကိုယ်တိုင်သွားလျှောက်ရင်တောင်မှရုံးရောက်ရင် ပွဲစားလုပ်ချင်တဲ့ သူတွေ ၀ိုင်းဝိုင်းလည်နေတာ။ သမ္မတကြီးပြောတဲ့သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ တစ်နည်းအားဖြင့် မရိုးမသား၊ကိုယ်ကျိုးစီးပွားရှာနေကြတဲ့ ကြားပွဲစားတွေ “ပပျောက်ရေးအတွက် အင်တာနက်လျှောက်ထားမှုကို ကိုယ့်မြို့မှာပဲ လျှောက်ထားခွင့်ပြု ၊ချထားပေးဖို့ သက်ဆိုင်ရာကို တင်ပြအကြံပြုချင်ပါတယ်´´ ဟု စစ်ကိုင်းမြို့မှ မိုဘိုင်းဖုန်းဖြင့်  အငိတာနက်စနစ် ဆက်သွယ်အသုံးပြုလိုသူတစ်ဦးက ပြောပြသည်။

နန္ဒာမင်းလွင်
HotNewsWeekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...