ဧဒင်အချစ်ပုံပြင်: မုန်တိုင်းဂယက်ကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ရေကြောင်းခရီးစဉ်များ ရပ်နား

Monday 13 May 2013

မုန်တိုင်းဂယက်ကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ရေကြောင်းခရီးစဉ်များ ရပ်နား

Photo: မုန်တိုင်းဂယက်ကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ်ရေကြောင်းခရီးစဉ်များ ရပ်နား
Monday, May 13, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် ရခိုင်ပြည်နယ်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ အစိုးရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ခရီးစဉ်တွေကို မေ ၁၄၊ ၁၅နဲ့ ၁၆ ရက်နေ့တွေမှာ ရပ်နားထားမယ်လို့ ပြည်တွင်းရေကြောင်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

ပြည်တွင်းရေကြောင်း အထွေထွေ မန်နေဂျာက “အဓိက မုန်တိုင်းကြောင့်ပါ။ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ပါ။ ဒီခရီးစဉ်တွေကို မုန်တိုင်းဖြတ်မယ့် ၁၄၊ ၁၅၊ ၁၆ ရက်ခရီးစဉ်တွေကို ရပ်ဆိုင်းထားတယ်။”

မဟာစင်မုန်တိုင်း လာမယ့်သတင်းတွေကြောင့် ခရီးသည်တွေ မရှိလို့ ဒီနေ့လည်း ရခိုင်နဲ့ မြစ်ဝကျွန်းပေါ် ခရီးစဉ်တွေကို ရပ်နားထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ပန်းဆိုးတန်း-ဒလ ရေကြောင်းခရီးစဉ်တွေကိုလည်း မနက်ပိုင်း ၈ နာရီလောက်မှာ လေပြင်းတွေတိုက်ပြီး မိုးရွာတဲ့အတွက် နားထားတယ်လို့ ရေကြောင်း အထွေထွေမန်နေဂျာက ပြောပါတယ်။

Mahasen မဟာစင် အမည်ရှိတဲ့ဆိုင်ကလုန်းမုန်တိုင်းဟာလက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်ရှိပေမယ့် နောက်ဆုံးတိုင်းထွာရရှိတဲ့ ခန့်မှန်းချက်အရ မေ ၁၆ ရက်နေ့ ညပိုင်းခန့်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက မြန်မာစံတော်ချိန် ၁၃း၀၀ မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...