ဧဒင်အချစ်ပုံပြင်: ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးထင်ရင် အားမနာတမ်း ငြင်းတတ်တယ်ဆိုတဲ့ မိုးဟေကို

Monday 27 May 2013

ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးထင်ရင် အားမနာတမ်း ငြင်းတတ်တယ်ဆိုတဲ့ မိုးဟေကို

ရက်စ်ဘော့ ရုပ်ရှင် ဇာတ်ကား မှာ မိုးဟေကိုက မော်ဒယ် ရောင်စဉ် လှိုင်းအဖြစ် သရုပ်ဆောင် ထားပြီး ရေကူး ဝတ်စုံနဲ့ ကြော်ငြာမရိုက်နိုင် ဘူးလို့ ငြင်းပါတယ်။


Q. မိုး အပြင်က မိုးဟေကိုရဲ့ ဘဝမှာရော ကိုယ်မရိုက် ချင်တဲ့ ပုံစံ သတ္တိရှိရှိ ငြင်းရဲတဲ့သူ တစ်ယောက် ဖြစ်ရဲ့လား။

A. အဲဒီလိုမျိုးတွေ ရှိပါတယ်။ မိုးအတွက် လုပ်နိုင်တယ် ဆိုရင် လုပ် တယ်။ မလုပ်နိုင်ဘူး ဆိုရင်လည်း ပြတ်ပြတ် သားသား ငြင်းပါတယ်။ ဘယ်အရာ ကိုမှ အရင်က လိုခု နောက်ပိုင်း အားမနာ တတ်တဲ့ အထဲ မှာပါတယ်။
Q. အဲဒီအတွက် မိုးရရှိလာတဲ့ အကျိုးဆက်က
A. မိုးခုဆို အလုပ်တစ်ခုလုပ် ရင် ပရိသတ်အတွက် အကျိုးရှိစေ မယ့်အရာကိုပဲ လုပ်ချင်တယ်။ ပေး ချင်တယ်။ ပရိသတ်အတွက်လည်း အကျိုး မရှိဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိဘူး ထင်ရင်တော့ အား မနာတမ်း ငြင်းတတ်တဲ့ အကျင့်ကို ကျင့်နေပါတယ်။ အခုကျင့်သား တော်တော်ရ နေပါပြီ။
Q. ရက်စ်ဘော့စ်ထဲမှာ မိုးက ချစ်သူကို ချမ်းသာ စေချင်တဲ့ ရောင် စဉ်လှိုင်းအဖြစ် သရုပ်ဆောင်ထား တယ်။ အပြင်မှာရော။
A. တကယ်ချစ်တယ် မေတ္တာ ရှိတယ် ဆိုရင်တော့ ကိုယ်ချစ်တဲ့သူ အတွက် ဘယ်အရာမဆို အနစ်နာ ခံပေးရမယ်လို့ ထင်တယ်။ ဒါက တကယ် မေတ္တာရှိတဲ့ ချစ်သူတွေ တိုင်း ဒီလိုခံစားပေး နိုင်မယ်လို့ မိုးထင် ပါတယ်။
Q. ဒီကားထဲမှာ မင်းသား၊ မင်းသမီး အားလုံးက အပြိုင်ဆိုတော့ မိုးရဲ့ ပြင်ဆင်မှုလေး သိချင်ပါတယ်။
A. ရုပ်ရှင်တစ်ကား ကောင်း အောင် အားလုံးက ဝိုင်းဝန်းကြိုးစား ခဲ့ကြတာပါ။ အပြိုင်လို သဘောမ ထားခဲ့ကြ ပါဘူး။ ညီအစ်ကို မောင် နှမတွေ အားလုံး ကောင်းအောင် ရိုက်ကြတယ်။ ပြီးတော့ ကြည့်တဲ့ ပရိသတ်ကို ပေးချင်တာကကောင်း တယ် ပျော်ရွှင် တယ်ဆိုတဲ့ ရသလေး တွေဆိုတော့ တက်ညီလက်ညီ သရုပ်ဆောင် တယ်လို့ပဲ မြင်တယ်။ အားလုံးက တိုက်ပွဲတစ်ပွဲကို စိတ် ဓာတ်ခွန်အားညီညီနဲ့ တိုက်သွားတဲ့ သူရဲကောင်းတွေလို့ပဲ မိုးမြင်ပါတယ်။
Q. မိုးရုပ်ရှင် ကားကြီး အနေနဲ့ ရိုက်ထားတာ ရှိသေးလား။
A. ရုပ်ရှင် ကားကြီး ဒရာမာ ကားတွေ ကျန်သေးတယ်။ ရုံတင်ဖို့ ရက်စောင့်နေတယ်။ အခုလက်ရှိက ဗီဒီယိုတွေ ရိုက်နေတယ်။ ကြော်ငြာနဲ့ ဓာတ်ပုံတွေ လက်ခံရိုက်ကူးဖြစ်နေ ပါတယ်။
Q. ရက်စ်ဘော့စ်နဲ့ ပတ်သက် ပြီး မိုးပြောချင်တာက
A. မိုးမှာ လိုအပ်တာရှိရင် နား လည်သည်းခံ ခွင့်လွှတ်ပြီး ကြည့်ပေး ပါလို့ပဲ ပြောချင် ပါတယ်။
သံလွင်
ရိုးရာလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...