ဧဒင်အချစ်ပုံပြင်: စာသင်ချိန်တွင် ကိုယ်လုံးတီးချွတ်မှုဖြင့် ပါမောက္ခတစ်ဦးကို ဖမ်းဆီး

Wednesday 8 May 2013

စာသင်ချိန်တွင် ကိုယ်လုံးတီးချွတ်မှုဖြင့် ပါမောက္ခတစ်ဦးကို ဖမ်းဆီး


တက္ကသိုလ် ပါမောက္ခတစ်ဦးသည် စာသင်နေစဉ် အဝတ်အစားများကို ချွတ်ကာ ကိုယ်လုံးတီးနေမှုဖြင့် ရဲများက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
မစ်ချီဂန်ပြည်နယ်တက္ကသိုလ်တွင် စာသင်ကြားနေသည့် ကျောင်းသားများသည် ဆရာ၏လုပ်ရပ်ကြောင့်ဝရုန်းသုန်းကား ပြေးလွှားကြသဖြင့် အခြေအနေကိုတည်ငြိမ်ရန် ပြန်လည်ထိန်းသိမ်းလိုက်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ကျောင်းသားများသည် ချက်ချင်း ထိုဆရာ၏ပုံကို ဆိုရှယ်ကွန်ရက် ဝက်ဘ်ဆိုက်များပေါ်သို့တင်ကြသဖြင့် ဆရာ၏အမည်မှာ ဂျွန် မက်ကာသီဖြစ်ကြောင်းသိကြရသော်လည်း တက္ကသိုလ်အာဏာပိုင်များကမူ ထိုအချက်ကို အတည်မပြုနိုင်သေး ဟုဆိုသည်။
တက္ကသိုလ် အင်ဂျင်နီယာအဆောက်အအုံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ရဲများကိုခေါ်သဖြင့် သွားရောက်ခဲ့ပြီး ကိုယ်လုံးတီးဖြစ်နေသောဆရာကို ဖမ်ဆီးခဲ့ရာတွင် ထိုဆရာသည် သင်္ချာသင်သည့်ဆရာဖြစ်ပြီး မက်သဒုန်းဆေးများ သုံးစွဲထားပုံရကြောင်း ရဲများကပြောသည်။
ဆရာက အဝတ်များကို ချွတ်ပြီးနောက် ကျောင်းသားများကို မတ်တပ်ရပ်ခိုင်းကာ ဘယ်ညာ ဘယ်ညာဟုအော်ပြီး စစ်ရေးလေ့ ကျင့်သည့်ပုံစံလုပ်ပြကြောင်း၊ ထို့နောက် ပြတင်းပေါက်ဘေးတွင်ထိုင်ကာ စူးစူးဝါးဝါးအော်ဟစ်နေကြောင်း၊ ဆရာသည် ခြေအိတ်မှလွဲပြီး တစ်ကိုယ်လုံး ချွတ်ထားကြောင်း ကျောင်းသားတစ်ဦးက ဆိုသည်။
ထိုဆရာကို မည်သို့အရေးယူရမည်ဖြစ်ကြောင်း ရဲများက မသိသေးသဖြင့် စိတ်ရောဂါကုဆေးရုံသို့ ပို့ထားလိုက်ရကြောင်း ရဲများကဆိုသည်။ သူက ဆေးရုံတွင် ကျောင်းသားများက ထိုသို့လုပ်ခိုင်းသောကြောင့် လုပ်ရပါသည်ဟု ဝန်ခံထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...