ဧဒင်အချစ်ပုံပြင်: "ခေတ်ပေါ်အကပညာရပ်များနဲ့ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း"

Monday 13 May 2013

"ခေတ်ပေါ်အကပညာရပ်များနဲ့ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း"

Photo: "ခေတ်ပေါ်အကပညာရပ်များနဲ့ အသက် မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်း"

မြန်မာနိုင်ငံရဲ့ကျယ်ပြန့်လာတဲ့ အလုပ် အကိုင်အခွင့်အလမ်းများကြားထဲမှာ တစ်စထက် တစ်စထွန်းကားမှုရှိလာတဲ့ Dancer အက ပညာရပ်များနဲ့ အသက်မွေး အဖြစ်ရပ်တည်လာနေတဲ့ အကအဖွဲ့များရှိနေပြီဖြစ်ပါတယ်။ ယခင်က Dancer အကပညာရပ်နဲ့ အနုပညာလောကမှာ ရပ်တည်မှုရှိခဲ့သူ အရေအတွက် လက်ချိုးရေ တွက်လို့ရအောင်ပင် နည်းပါးခဲ့သော်လည်း အခု အချိန်အခါမှာတော့ Dancer ပညာရပ်ဟာ မြန်မာနိုင်ငံမှာ ၆၅ရာခိုင်နှုန်းအထိ ကျယ်ပြန့် မှုရှိလာနေပြီလို့ မြန်မာနိုင်ငံက နာမည်ကျော် Dancer အကအဖွဲ့တစ်ခုဖြစ်တဲ့ Uranium မှ ဇေယျာက ပြောပြပါတယ်။

” ကျွန်တော်ဒီမှာတော့ အသက်မွေးဝမ်း ကျောင်းဖို့အတွက်ဆိုပြီး လာတက်ကြတာတော့ မရှိဘူး။ ၃ဝရာခိုင်နှုန်းလောက်က ကျန်းမာရေးအတွက်လာသင်ကြတယ်။ ၁ဝ ရာခိုင်နှုန်းကတော့ အပျော်အနေနဲ့ သူငယ်ချင်းတွေစုပြီး လာသင်ကြတာရှိတယ်။ ကျန်တဲ့ ၆ဝရာခိုင်နှုန်း ကတော့ ဝါသနာပါတဲ့အတွက်လာသင်ကြတာ။ သင်တန်းပြီး သွားလို့သင်တန်းမှာပဲ နည်းပြ ဆရာပြန်လုပ်နေတာတွေရှိသလို၊ တချို့ကျ တော့လည်း ဒီအဖွဲ့ထဲမှာပဲ လိုက်က တာတွေ တော့ရှိတယ်။ဘာပဲပြောပြော Dancer  အကက အသက်မွေးဝမ်းကျောင်းအနေနဲ့ လုပ်မယ်ဆို ရင်လည်း လုပ်လို့ရနေပါတယ်” လို့ ယူရေနီယမ် အဖွဲ့ခေါင်းဆောင်ဇေယျာက ပြောပြပါတယ်။

အနုပညာရပ်ထဲမှာပါဝင်နေ တဲ့ Dancer  အကပညာရပ်တစ်ခုကလည်း တကယ့်ကို ထိထိ ရောက်ရောက်နဲ့ ကြိုးစားဆောင်ရွက်လာမယ်ဆိုရင် အသက်မွေးဝမ်းကျောင်း ပြုနိုင်လောက် တဲ့အထိအထောက်အကူပြုနိုင်တဲ့အတတ် ပညာတစ်ခုလို ဖြစ်လာနိုင်တယ်လို့ Life & Dance က မင်းမင်းထွန်းက ပြောပြပါတယ်။

အဓိကပြောရရင် ကျွန်တော်ဆိုရင်လည်း ဒီအကလုပ်ငန်း တစ်ခုတည်းနဲ့ပဲရပ် တည်နေတယ်။ ကျွန်တော်ဝါသနာပါတဲ့ ပညာနဲ့ပေါ့။ သူတို့တွေကလည်း ကျွန်တော်တို့လို မျိုး စိတ်ရော၊ ကိုယ်ရောနှစ်ပြီးတော့ စေတနာ အပြည့်အဝနဲ့ သင်ယူကြိုးစားလေ့လာမယ်ဆိုရင် သူတို့တတွေရဲ့ အသက်မွေးဝမ်းကျောင်းအထိ ဖြစ်လာမယ်လို့ ကျွန်တော်ကတော့ ပြောချင် တယ်။

ဒီလုပ်ငန်းက အနု ပညာလုပ်ငန်းတစ်ခုဖြစ် တဲ့အတွက် အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ စမလုပ်ရင်တော့ ပိုကောင်း ပါတယ်။တကယ့်ဝါသနာနဲ့စိတ်ဆန္ဒပြင်းပြီး လုပ် ရင်သာပိုကောင်းပါတယ်။ အဲဒီစိတ်နဲ့သာ မှန် ကန်လို့ရှိရင် အသက်မွေးဝမ်း ကျောင်းပြု နိုင်တဲ့ အထိကိုလုပ်သွားလို့ရတယ်” လို့ 
Life & Dance မင်းမင်းထွန်းကပြောပါတယ်။

ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...