ဧဒင်အချစ်ပုံပြင်: သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ် လက်ရာများကို သက်ဆိုင်ရာက စောင့်ရှောက် ပေးစေလို

Monday 27 May 2013

သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ် လက်ရာများကို သက်ဆိုင်ရာက စောင့်ရှောက် ပေးစေလို

Photo: သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ် လက်ရာများကို သက်ဆိုင်ရာက စောင့်ရှောက် ပေးစေလို

သမိုင်းဝင် အင်ကြင်းတောင်ရှိ ရှေးဟောင်း ကျောက်ဆစ်လက်ရာ သာသနိက ပစ္စည်းများသည် အမျိုးသားရေး ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သည့် အတွက် ပျက်စီး ယိုယွင်းခြင်း မရှိစေရန် သက်ဆိုင်ရာမှ ထိန်းသိမ်းစောင့်ရှောက် ပေးစေလိုကြောင်း သမိုင်း ပညာရှင် တစ်ဦးက ပြောကြားသည်။

““ဟောဒီ ကျောက်ဆစ် လက်ရာတွေကို လေ့လာပြီး ပါရဂူ (ဒေါက်တာ) ဘွဲ့ရယူ သွားကြတဲ့ နိုင်ငံတကာ ကပညာရှင်တွေ အများအပြား ရှိနေပါပြီ။ တန်ဖိုး သိသိနဲ့ ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုအပ်နေပါပြီ”” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ကျောက်ဆစ် လက်ရာများ တည်ရှိသည့် နေရာမှာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင် မြို့နယ် မောက်သရက် ကျေးရွာ အနီး မုံရွာ -ယင်းမာပင် အဝေးပြေးကား လမ်းမကြီး၏ လက်ယာဘက်တွင် တည်ရှိသည်။ အင်ကြင်းတောင်သည် သမိုင်းဝင်တောင် ဖြစ်ပြီး သာသနာ သက္ကရာဇ် ၁၁၈၄ ခုနှစ် ၀ါခေါင်လဆန်း ၈ ရက်တွင် ယင်းတောင်ပေါ်ရှိ သေလ ကျောက်လိုဏ်ဂူတွင် လောကမာရဇိန် မာရ်အောင် ဘုရားအား ရွှေတိုင်းရှင် မြို့ရှိ လူဦးရေ ၁၀၀ ကျော်က ဆီမီးတိုင် ၂၀ ဖြင့် စိုက်ထူ ပူဇော်ခဲ့ကြောင်း သမိုင်းဝင် ကျောက်စာ များကိုလည်း ၎င်းအင်ကြင်းတောင်တွင် လေ့လာ တွေ့ရှိနိုင်သည်။

သမိုင်းဝင် အင်ကြင်းတောင်သည် သဲကျောက်တောင် ဖြစ်ပြီး အချို့သော နေရာများတွင် သစ်ပင်ရုပ်ကြွင်း အင်ကြင်းကျောက် များကို တွေ့ရှိရသည်။ ၎င်းကျောက်များသည် အရည် အသွေးအလွန် ကောင်းမွန်ပြီး ခရစ္စတယ်များ ပါရှိကာ အဖိုးတန် ကျောက်မျက်အဖြစ် နိုင်ငံတကာ ကျောက်အလှဆင် လုပ်ငန်း ပညာရှင် များမှ မှတ်ချက်ပြု ပြောပြ ခဲ့သည်။

ယင်းတောင်ပေါ်ရှိ ရှေးဟောင်း သာသနိက ကျောက်လိုဏ်ဂူ ကြီးများ အတွင်း၌ သမိုင်းဝင် ကျောက်ဆစ်လက်ရာ ရုပ်ရှင်တော်မြတ် ကြီးများသည် အလွန် ကြည်ညို ဖွယ် ကောင်းလှသည်။ ၎င်းကျောက်ဆစ် လက်ရာများမှာ ရှေးအလွန်ကျပြီး လက်ရာ ပြောင်မြောက်မှုကြောင့် နိုင်ငံတကာ ကျောက်ဆစ် ပညာရှင် များ၏ စာတမ်း ပြုစုရာ သမိုင်းဝင် နေရာတစ်ခု ဖြစ်နေသော်လည်း သက်ဆိုင်ရာမှ ထိန်းသိမ်း စောင့်ရှောက်ပေးမှု နည်းပါးခဲ့သည့် အတွက် ကျောက်ဆစ်လက်ရာ အချို့မှာ ပျက်စီးစ ပြုနေပြီး အလွန် နှမြောဖွယ်ရာ ကောင်းကြောင်း မုံရွာမြို့ရှိ သမိုင်း ဗိသုကာ ဆရာကြီး ဦးမောင်မောင် စိုးတင့် (သလ္လာ) ကပြောခဲ့သည်။

သဲကျောက်တောင် ကြီးကို ထွင်းထု၍ ကျောက်လိုဏ်ဂူကြီး ဖောက်လုပ်ထားပြီး ယင်းလိုဏ်ဂူ ကြီးများ

Read More >> http://bit.ly/18oPDLM

မုံရွာ မေ ၂၇

သဲကျောက်တောင် ကြီးကို ထွင်းထု၍ ကျောက်လိုဏ်ဂူကြီး ဖောက်လုပ်ထားပြီး  ယင်းလိုဏ်ဂူ ကြီးများ အတွင်းရှိ ကျောက်နံရံ ကြီးများတွင် သဘာဝ ကျောက်သားများကို ဗုဒ္ဓ၀င် ပုံတော်များ ထုဆစ်ထားရာ  နိုင်ငံတကာ သမိုင်း သုတေသီ များက  စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။
““ ဟောဒီ ကျောက်ဆစ် လက်ရာတွေက အီဂျစ် ယဉ်ကျေးမှု လက်ရာတွေနဲ့ ဆိုရင်  ခေတ်ပြိုင် လက်ရာတွေ ဖြစ်နိုင်ပါတယ်။ ဒီကျောက်ဆစ် လက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက် ပေးခြင်းဟာ နိုင်ငံတကာ အမျိုးသား ရေးယဉ်ကျေးမှု အမွေတွေကို ထိန်းသိမ်းစောင့်ရှောက် ပေးခြင်းဖြစ်ပါတယ်”” ဟု အဆိုပါ အင်ကြင်းတောင်သို့ အလည်အပတ် လာရောက်သူ  ပြင်သစ်သမိုင်း ပညာရှင် ဧည့်ခရီးသွား တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...