ဧဒင်အချစ်ပုံပြင်: နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် မကျသေးလို့လား

Tuesday 21 May 2013

နိုင်ငံ့ဝန်ထမ်းကို နိုင်ငံ့အစိုးရက ကာကွယ်ပေးရမယ့် အချိန် မကျသေးလို့လား



လပွတ်တာမြို့နယ်၊ (၈)ရပ်ကွက်မှ မျိုးထူး အမည်ရှိ လူသတ်မှုနှင့် ထောင်ကျထားသူ တစ်ဦးသည် ထောင်မှ လွတ်ပြီးနောက် ဓားထိုးမှုနှင့် ထောင်ထပ်ကျသည့် အတွက် ရပ်ကွက်အတွင်း ၄င်း၏ ညီအစ်ကိုများ ဖြစ်သူ ဇော် မင်း၊ ရန်နိုင်ကျော်နှင့် ထက်အောင်ကျော်တို့မှ ဓားတစ်ရမ်းရမ်းဖြင့် သောင်းကျန်းခဲ့ကြကြောင်း သိရ သည်။

၎င်းတို့ ညီအစ်ကိုများမှ လူသတ်လဲ ထောင်(၃)နှစ်ပဲကွ၊ တိုင်ချင်ရာကို တိုင်၊ တိုင်တဲ့သူကို ထွက်လာရင် ထပ် သတ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့ကြသည်။ အဆိုပါ ညီအစ်ကို တစ်စုမှ ရှေ့နေ တစ်ဦးအား ခေါ်ေ ဆာင် လာခဲ့ပြီး အချုပ်ခန်းမှ ၄င်းတို့ အစ်ကို အား သွားရောက်တွေ့ ဆုံရာ၌ ငါ့အစ်ကိုကို ဖမ်းရမလား ဆို ကာ ရဲတပ်ဖွဲ့ ၀င် တစ်ဦးအား ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား တင်းကြပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ပြုလုပ်ထားသည့် အတွက် ထိုသို့ ရမ်း ကားမှု များ ရှိသော်လည်း အရေးယူခံရခြင်း မရှိဘဲ၊ ၄င်းတို့အဖွဲ့မှ မြို့တွင်းလှည့်လည် ရမ်းကားခဲ့သည်။ နောက် ဆုံး တွင် ရဲစခန်းရှေ့သို့ ပြန်ရောက်လာပြီး ဆဲဆို ရမ်းကားသဖြင့် ရဲတပ်ဖွဲ့မှ မူးယစ်ရမ်းကားမှုဖြင့် အရေး ယူခဲ့ရသည်။

မလက်တိုတွင် ရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ လက်ပံတောင်းတွင် ဒုတ်၊ဓား၊ ဓာတ် ဆီ ဗူးများဖြင့် ပစ်ခြင်း၊ နေမျိုးဇင်ကဲ့သို့သော လူများမှ ရိုင်းစိုင်းသော စကားများ ပြောဆိုခြင်း တို့ အပေါ် ဥပဒေ အတိုင်း အရေးယူနိုင်သော်လည်း ဥပဒေနှင့် နိုင်ငံရေး ရောယှက်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များ အ ခက်ကြုံနေ ရကြောင်း သိရသည်။

ကျွန်တော်တို့မှာ ဘာအကာအကွယ်မှ မရှိဘူး။ တစ်ယောက်တည်းသွားလို့ တစ်ခုခုဖြစ်ရင် ဆက် သွယ်စရာ စက် အစုတ် ၁ လုံးတောင် မရှိဘူး။ ဖမ်းရင် ဖမ်းတယ်ပြောတယ်။ ပြီးရင် လွှတ်ပေးလိုက် လုပ်တယ်။ ကိုယ့် အစိုး ရက ကိုယ့်ကို အကာအကွယ် မပေးရင် ကျွန်တော်တို့ဘ၀က ဘာလဲဟု ရဲတပ်သား တစ်ဦးမှ ပြောဆို ခဲ့သည်။

မကောင်းမှု တစ်ခုလုပ်တိုင်း ရဲတိုင်လိုက်ရမလား ဆိုကာ ပြောရသည့် မြန်မာနိုင်ငံအတွက် မရှိ မဖြစ်သော ရဲတပ်ဖွဲ့ ၀င်များ အတွက် အစိုးရမှ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များ မတရား လုပ် ပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ ပေးထားကာ ပြည်သူအကြိုက် လုပ်ပေးနေသော်လည်း၊ တကယ် တမ်း ဖြစ်လာ သမျှတွင် လတ်တလော ခံရသူမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ယခုအတိုင်း ဆက်သွားပါက ရဲတပ်ဖွဲ့ ၀င်များ၏ စိတ်ဓာတ်များကို ဖျက်ဆီးသကဲ့သို့ ဖြစ်နိုင်ကြောင်း ရဲတပ်ရင်းမှ အရာရှိတစ်ဦးကလည်း ပြောခဲ့သည်။

ဓာတ်ပုံ- မြို့တွင်း လှည့်လည် ရမ်းကား ဆဲဆိုနေသည့် ညီအစ်ကို ၁ စု
oppositeyes.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...