ဧဒင်အချစ်ပုံပြင်: Slayers ဂီတအဖွဲ့မှ ဂစ်တာသမား ဟန်နီမန်း ပင့်ကူကိုက်ခံရသဖြင့် သေဆုံး

Sunday 5 May 2013

Slayers ဂီတအဖွဲ့မှ ဂစ်တာသမား ဟန်နီမန်း ပင့်ကူကိုက်ခံရသဖြင့် သေဆုံး


Photo: Slayers ဂီတအဖွဲ့မှ ဂစ်တာသမား ဟန်နီမန်း ပင့်ကူကိုက်ခံရသဖြင့် သေဆုံး

 ၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့

အဖွဲ့ကို စတင်ထူထောင်သူ တစ်ဦးလည်း ဖြစ်သည့် ဟန်နီမန်းသည် ပင့်ကူကိုက်ခဲ့သည်ဟု ယူဆရလောက်သည့် အဆိပ်သင့် ဒဏ်ရာတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားကာ အစောတလျင် ကုသမှု မခံယူမိခဲ့ချေ။ 
အမေရိကန် Metalဂီတအဖွဲ့ တစ်ခုဖြစ်သော Slayersမှ ဂစ်တာသမား ဂျက်ဖ်ဟန်နီမန်းသည် ပင့်ကူကိုက်သည့် အဆိပ်ကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။ အဖွဲ့ကို စတင်ထူထောင်သူ တစ်ဦးလည်း ဖြစ်သည့် ဟန်နီမန်းသည် ပင့်ကူကိုက်ခဲ့သည်ဟု ယူဆရလောက်သည့် အဆိပ်သင့် ဒဏ်ရာတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားကာ အစောတလျင် ကုသမှု မခံယူမိခဲ့ချေ။ ၎င်းသည် ထိုဒဏ်ရာမှ ဆိုးရွားသော နောက်ဆက်တွဲ ထိုးနှက်မှုများကြောင့် လက်မောင်းတစ်ဖက်လုံး ဆုံးရှုံးလုနီးပါး အခြေအနေထိ ကြုံခဲ့ရသည်။ 

ထိုမှတစ်ဖန် တဖြည်းဖြည်း သက်သာလာကာစ ရှိလာပြီးမှ ယခုလို သေဆုံးသွားခြင်း ဖြစ်သည်။ ဟန်နီမန်း သေဆုံးချိန်တွင် အသက်(၄၉)နှစ် ရှိပြီဖြစ်သည်။ Slayersအဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟေဒီ ရော်ဘင်ဆင် ဖစ်ဂါရဲလ်က ဟန်နီမန်းသည် ကြာသပတေးနေ့ နံနက်ပိုင်းက ကွယ်လွန်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် လော့စ်အန်ဂျလိစ် ဆေးရုံပေါ်တွင် ရှိနေစဉ် အသည်းပျက်စီး ရပ်ဆိုင်းသွားပြီး အနိစ္စရောက်ခဲ့ခြင်းဟု ဆိုသည်။

ဟန်နီမန်း ကွယ်လွန်ချိန်တွင် နံဘေး၌ ဇနီးဖြစ်သူ ရှိနေခဲ့ကြောင်း သိရသည်။ ဆရာဝန်များက ဟန်နီမန်း ပေါ့ပေါ့တန်တန် သဘောထားမိခဲ့သော ဒဏ်ရာသည် အဆိပ်ပြင်း ပင့်ကူတစ်ကောင်၏ ကိုက်ခဲမှု ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။ အသည်းထိခိုက်သွားခြင်းသည်လည်း ပင့်ကူဆိပ်ကြောင့်ဟု ယူဆရသော်လည်း ရင်ခွဲစစ်ဆေး အတည်ပြုချက် လိုအပ်ဦးမည် ဖြစ်သည်။ ဟန်နီမန်းသည် ယခုနှစ်ကုန်ပိုင်းတွင် အဖွဲ့နှင့်အတူ အယ်လ်ဘမ်သစ်တစ်ခု ဖြန့်ချီရန် လုပ်ဆောင်နေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဈာပနအတွက် မိသားစုက မစီစဉ်ရသေးဟု သိရှိရသည်။

Source: NY Daily News
အဖွဲ့ကို စတင်ထူထောင်သူ တစ်ဦးလည်း ဖြစ်သည့် ဟန်နီမန်းသည် ပင့်ကူကိုက်ခဲ့သည်ဟု ယူဆရလောက်သည့် အဆိပ်သင့် ဒဏ်ရာတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားကာ အစောတလျင် ကုသမှု မခံယူမိခဲ့ချေ။
အမေရိကန် Metalဂီတအဖွဲ့ တစ်ခုဖြစ်သော Slayersမှ ဂစ်တာသမား ဂျက်ဖ်ဟန်နီမန်းသည် ပင့်ကူကိုက်သည့် အဆိပ်ကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။ အဖွဲ့ကို စတင်ထူထောင်သူ တစ်ဦးလည်း ဖြစ်သည့် ဟန်နီမန်းသည် ပင့်ကူကိုက်ခဲ့သည်ဟု ယူဆရလောက်သည့် အဆိပ်သင့်

ဒဏ်ရာတစ်ခုကို ပေါ့ပေါ့တန်တန် သဘောထားကာ အစောတလျင် ကုသမှု မခံယူမိခဲ့ချေ။ ၎င်းသည် ထိုဒဏ်ရာမှ ဆိုးရွားသော နောက်ဆက်တွဲ ထိုးနှက်မှုများကြောင့် လက်မောင်းတစ်ဖက်လုံး ဆုံးရှုံးလုနီးပါး အခြေအနေထိ ကြုံခဲ့ရသည်။

ထိုမှတစ်ဖန် တဖြည်းဖြည်း သက်သာလာကာစ ရှိလာပြီးမှ ယခုလို သေဆုံးသွားခြင်း ဖြစ်သည်။ ဟန်နီမန်း သေဆုံးချိန်တွင် အသက်(၄၉)နှစ် ရှိပြီဖြစ်သည်။ Slayersအဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဟေဒီ ရော်ဘင်ဆင် ဖစ်ဂါရဲလ်က ဟန်နီမန်းသည် ကြာသပတေးနေ့ နံနက်ပိုင်းက ကွယ်လွန်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် လော့စ်အန်ဂျလိစ် ဆေးရုံပေါ်တွင် ရှိနေစဉ် အသည်းပျက်စီး ရပ်ဆိုင်းသွားပြီး အနိစ္စရောက်ခဲ့ခြင်းဟု ဆိုသည်။

ဟန်နီမန်း ကွယ်လွန်ချိန်တွင် နံဘေး၌ ဇနီးဖြစ်သူ ရှိနေခဲ့ကြောင်း သိရသည်။ ဆရာဝန်များက ဟန်နီမန်း ပေါ့ပေါ့တန်တန် သဘောထားမိခဲ့သော ဒဏ်ရာသည် အဆိပ်ပြင်း ပင့်ကူတစ်ကောင်၏ ကိုက်ခဲမှု ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။ အသည်းထိခိုက်သွားခြင်းသည်လည်း ပင့်ကူဆိပ်ကြောင့်ဟု ယူဆရသော်လည်း ရင်ခွဲစစ်ဆေး အတည်ပြုချက် လိုအပ်ဦးမည် ဖြစ်သည်။ ဟန်နီမန်းသည် ယခုနှစ်ကုန်ပိုင်းတွင် အဖွဲ့နှင့်အတူ အယ်လ်ဘမ်သစ်တစ်ခု ဖြန့်ချီရန် လုပ်ဆောင်နေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ဈာပနအတွက် မိသားစုက မစီစဉ်ရသေးဟု သိရှိရသည်။

Source: NY Daily News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...