ဧဒင်အချစ်ပုံပြင်: အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

Tuesday 11 June 2013

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

Photo: အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ပစ္စည်းများ ရောင်းချနေသည့် မြင်ကွင်း (ဓာတ်ပုံ – scoop.co.nz)

ဈေးဝယ်စင်တာ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုကြောင့် အရေးယူတော့မည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဝန်ထမ်း အမျိုးသမီးတို့သည် ရန်ကုန် ပြည်လမ်းမပေါ်မှ တော်ဝင်စင်တာ အောက်ထပ်ရှိ Orange စူပါမားကတ်နှင့် ၎င်းမျက်နှာချင်းဆိုင်ရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ ဆေးအရောင်း ကောင်တာတို့မှ ဖြစ်ပြီး စိတ်ကြွဆေးဝါးများကို ၎င်းတို့က တာဝန်ယူ ရောင်းချခြင်း ဖြစ်သည်ဟုဆိုကာ ဒဂုံမြို့နယ် ရဲစခန်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ဖမ်းဆီး အချုပ်ချထား၍ ရက်ပိုင်းအတွင်း အရေး ယူတော့မည် ဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...