ဧဒင်အချစ်ပုံပြင်: သားသမီးချင်းရန်ဖြစ်သည့်ကိစ္စ မကျေနပ်၍ လူသတ်မှုကျူးလွန်သူအား ကော့သောင်းခရိုင်တရားရုံးမှ ထောင်ဒဏ်(၈)နှစ်ချမှတ်

Thursday 27 June 2013

သားသမီးချင်းရန်ဖြစ်သည့်ကိစ္စ မကျေနပ်၍ လူသတ်မှုကျူးလွန်သူအား ကော့သောင်းခရိုင်တရားရုံးမှ ထောင်ဒဏ်(၈)နှစ်ချမှတ်

၁၇-၃-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးမြကန်သာ ရပ်ကွက်နေ ဦးချစ်မြိုင်သည် ဆိုင်ကယ်ဖြင့် နေအိမ်မှကော့သောင်းမြို့တွင်းသို့သွားရန် တစ်ဦးတည်းထွက်လာစဉ် တစ်ရပ်ကွက်တည်းနေ ကျော်သူရ(ခ)သူရ(၃၇)နှစ်မှ ယခင်က သားသမီးချင်းရန်ဖြစ်ခဲ့သည့်ကိစ္စအား မကျေနပ်၍ ဆဲဆိုပြီး လက်တွင်ကိုင်လာသည့်သံတူရွင်းနှင
့်ရိုက်သဖြင့် ဦးချစ်မြိုင်တွင် ဦးခေါင်းယာဘက် ဂျိုစောင်းဖူးရောင်ဒဏ်ရာ(၁)ချက်နှင့် ယာပေါင်နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ဦးချစ်မြိုင်၏ဇနီးဖြစ်သူ ဒေါ်ဖြူဖြူခိုင်(၄၀)နှစ်မှ အရေးယူပေးရန်တိုင်တန်းခဲ့သောကြောင့် ကော့သောင်းမြို့မရဲစခန်း(ပ)၇၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၄/၃၂၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ဦးချစ်မြိုင်မှာ ကော့သောင်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ၁၇-၃-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် သေဆုံးသွားခဲ့သဖြင့် ပြစ်မှုပုဒ်မ ၂၉၄/၃၂၅ မှ ပြစ်မှုပုဒ်မ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးခဲ့သည်။
အမှုအား ကော့သောင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၁၇/၂၀၁၃ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးမြကန်သာ ရပ်ကွက်နေ ကျော်သူရ(ခ)သူရ(၃၇)နှစ်အား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ်ကျခံ စေရန် ၂၄-၆-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...