ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံတွင် အဝလွန်သူ ယာဉ်ထိန်းရဲများ ကိုယ်အလေးချိန် ၁ဝ ကီလိုနှင့် အထက် လျော့ကျပါက ဆုငွေ ချီးမြှင့်မည်

Friday 28 June 2013

ထိုင်းနိုင်ငံတွင် အဝလွန်သူ ယာဉ်ထိန်းရဲများ ကိုယ်အလေးချိန် ၁ဝ ကီလိုနှင့် အထက် လျော့ကျပါက ဆုငွေ ချီးမြှင့်မည်

Photo: ထိုင်းနိုင်ငံတွင် အဝလွန်သူ ယာဉ်ထိန်းရဲများ ကိုယ်အလေးချိန် ၁ဝ ကီလိုနှင့် အထက် လျော့ကျပါက ဆုငွေ ချီးမြှင့်မည်
Friday, June 28, 2013

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အဝလွန်သူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များအား ကိုယ်အလေးချိန် လျော့ကျစေရန် ရည်ရွယ်ချက်ဖြင့် Fit and Firm အစီ အစဉ် တစ်ခုကို အာဏာပိုင်များက နှစ်လကြာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အထိုင်များသည့် ယာဉ်ထိန်းရဲများသည် အစာချေဖျက်မှု အားနည်းခြင်း နှင့် ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် အဆီပိုများ စုလာပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်လာခဲ့သည်။

Fit and Firm အစီအစဉ်၌ ကိုယ်အလေးချိန်များသူ ရဲတပ်ဖွဲ့ဝင် ၆ဝ နီးပါး ပါဝင်ခဲ့ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံ၏ ကျော်ကြားသော ပေါ့ပ်တေး သီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ကြသည်။ ယင်းအစီအစဉ်တွင် ပါဝင်သူ အရာခံဗိုလ် နီတက်စ် ဆိုင်ဆာရတ်က ၎င်း၏ ကိုယ်အလေးချိန်သည် ၃ဝ၄ ပေါင်ရှိရာမှ ယခုအခါ ၆ ကီလိုလျော့ကျခဲ့ ပြီး ၎င်း၏ ခါးအတိုင်းအတာမှာ ၃ လက်မ လျော့ကျခဲ့ကြောင်း ပြောကြားခဲ့ သည်။ နီတက်စ်က ၎င်းသည် လမ်းအလယ်၌ တာဝန်ထမ်းဆောင်စဉ် ကိုယ်ခန္ဓာ အလွန်ဝသည့် အတွက် တစ်ခါတစ်ရံ ကား၏ ဘေးမှန်များဖြင့် ထိခိုက်မိကြောင်း၊ ဝလွန်းသည့် အတွက် အလုပ်လုပ် ရာတွင် အခက် အခဲရှိကြောင်း ဆိုသည်။ Fit and Firm အစီအစဉ်၌ ပါဝင်သူများသည် ပထမ သီတင်းပတ် နှစ်ပတ်တွင် ယောဂကျင့်စဉ်များ ကျင့်ရပြီး အေရိုးဗစ် ကခုန်ခြင်းများ ပြုလုပ်ရကြောင်း၊ အလွန်နှစ်သက်သည့် ထမင်းနှင့် အကြော်အလှော်၊ ဟင်းများအစား အဆီချသည့် အနေဖြင့် သစ်သီးနှင့် စွပ်ပြုတ်ကိုသာ စားသုံးခဲ့ကြောင်း နီတက်စ်က ထပ်လောင်း ပြောကြားသည်။

Fit and Firm အစီအစဉ် ပြီးဆုံးသည့် နောက်ပိုင်းတွင် ၁ဝ ကီလိုနှင့်အထက် ကိုယ်အလေးချိန် လျော့ကျသူများအား အကောင်းဆုံး ဆောင်ရွက်နိုင်သူ အဖြစ် အာဏာပိုင်များက အမေရိကန် ဒေါ်လာ ၁၆ဝ စီ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...