ွGolden Myanmar လေကြောင်းလိုင်း အနေနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံး လက်မှတ်ပါလျှင် ယင်းလေကြောင်းလိုင်းကို အခမဲ့ စီးနင်းနိုင်မည်ဖြစ်သော်လည်း မလေးရှားခရီးစဉ်များ မပြေးဆွဲသေး သဖြင့် စင်ကာပူနှင့် ဘန်ကောက်တို့မှ တစ်ဆင့် သက်ဆိုင်ရာလေဆိပ် အခွန် များ ပေးဆောင်၍ အခမဲ့ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
Golden Myanmar သည် စင်ကာပူ-ရန်ကုန်၊ စင်ကာပူ-မန္တလေး၊ ဘန်ကောက်-ရန်ကုန်၊ ဘန်ကောက်- မန္တလေး ခရီးစဉ်များ ပြေးဆွဲလျက် ရှိသည်။
မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် ပြည်တွင်း ခရီးစဉ်များ၌ Asian Wings Airways လေကြောင်းလိုင်းတွင် မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာကြောင်း အထောက်အထား တစ်စုံတစ်ခု တင်ပြ၍ အခမဲ့ လိုက်ပါ စီးနင်းနိုင်ကြောင်း ယင်းလေကြောင်းလိုင်း တာဝန်ခံက ပြောဆိုသည်။
Air Bagan လေကြောင်းလိုင်းမှ ပြည်တွင်း နေရပ်ပြန် မြန်မာနိုင်ငံသားများ အတွက် အခမဲ့ လေယာဉ်စီးနင်းခွင့်နှင့် အလုပ်အကိုင် လစ်လပ်နေရာ များတွင် ဦးစားပေး ခန့်အပ်ရန် စီစဉ်ထားပြီး MAI ကလည်း ပုံမှန် အားဖြင့် ဒေါ်လာ ၂၃၀ ကျသင့်သော မလေးရှား-မြန်မာ လေယာဉ် လက်မှတ်ခကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးခြင်းဖြင့် ကူညီကြမည်ဖြစ်သည်။
The Voice Weekly
ဟိုင်း အောင်လေးလာလည် သွားတယ်ဗျာ ခင်ချင်လို့ ပါ
ReplyDeleteaunglaybc.blogspot.com@gmail.com
အက်ပေး ပါနော်