ဧဒင်အချစ်ပုံပြင်: မြူနှင်းထူထပ်မှုကြောင့် တရုတ်ပြည်မှာ ယာဉ်တိုက်မှုကြီးဖြစ်ပွား (၉) ဦးသေဆုံး

Tuesday 18 June 2013

မြူနှင်းထူထပ်မှုကြောင့် တရုတ်ပြည်မှာ ယာဉ်တိုက်မှုကြီးဖြစ်ပွား (၉) ဦးသေဆုံး

တရုတ်နိုင်ငံအလယ်ပိုင်းမှာ မြူနှင်းထူထပ်မှုကြောင့် ယာဉ်တိုက်မှုကြီးဖြစ်ပွားပြီး (၉)ဦး သေဆုံးခဲ့ပါတယ်။
၎င်းယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းများပိတ်မိပြီး မီးသတ်သမားများက ကယ်ဆယ်ခဲ့ရပါတယ်။ တရုတ်မီဒီယာများရဲ့ဖော်ပြချက်အရ ကုန်တင်ယာဉ်ကြီးများအောက်မှာ ပျက်ဆီးနေသောကားများကို မြင်တွေ့ရပါတယ်။ 


video
ဟိုက်ဒရောလစ်တွေသယ်ဆောင်လာတဲ့ ကားများကို ရေးများဖြင့်ပက်ဖြန်ပြီး ..
အရေးပေါ်ကာကွယ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ၎င်း ရှုပ်ထွေးမှုပြဿနာကိုဖြေရှင်းနိုင်ဖို့ မီးသတ်ကား (၂၈) စီး နှင့် မီးသတ်သမား (၆၅) ဦးတို့ကို စေလွှတ်ထားခဲ့ကြောင်းသိရပါတယ်။




စုစုပေါင်း သီခြားယာဉ်တိုက်မှု (၁၆) ခုဖြစ်ပြီး ကား တစ်ထောင်နီးပါး လမ်းပိတ်စို့မှုဖြစ်ခဲ့ပါတယ်။ Henan ဒေသ Zhumadian မြို့မှာ Beijing-Hong-Macau အဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပေါ်ခဲ့တာပါ။

ယာဉ်တိုက်မှုမဖြစ်ခင်မှာ ၎င်းဒေသတစ်ခုလုံး မြူနှင်းများ ထူးထပ်စွာဖုံးအုပ်လျှက်ရှိကြောင်း ပြည်နယ်သတင်း CCTV မှ နောက်ကျမှ ရိုက်ယူနိုင်ခဲ့တာဖြစ်ကြောင်း အင်္ဂါနေ့ကပြောပါတယ်။

ဒုက္ခရောက်သူများကို ကယ်တင်ခဲ့ပြီး၊ ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး၊ ကုန်းလမ်းပို့ဆောင်ရေးများ ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း Xinhua သတင်းအေဂျင်စီက တင်ပြထားပါတယ်။

ZinYawNews(NaingLinn)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...