
ဖြစ်စဉ်မှာ တောင်ကြီးမြို့ ၊ ဈေးပိုင်း ရပ်ကွက်၊ သစ္စာလမ်း ၊ အမှတ် ၁၃၈ နေ မနန်းခမ်းနွမ်း ၂၂ နှစ် (ဘ) ဦးစိုင်းအောင် ရွှေဆိုင် ရောင်းသူသည် ၄င်း၏ အစ်မဖြစ်သူ မနန်းခမ်းလှိုင်
တို့နှင့်အတူ တောင်ကြီးမြို့ ဈေးပိုင်း ရပ်ကွက် ၊ မြို့မဈေး တောင်ဘက်ပေါက် ၊ မြေညီထပ် အခန်းအမှတ် (၁/၁ဝ) တွင် ဖွင့်လှစ်ထားသော " ခမ်းခုံး " အမည်ရှိ ရွှေဆိုင်အား ဖွင့်လှစ် ရောင်းချနေစဉ် အမည်မသိ ( လူမြင်လျှင် မှတ်မိ ) အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဆိုင်အတွင်း ဝင်ရောက် လာပြီး ငွေကျပ် ၂၉ဝဝဝ တန် အသည်းပုံ နားကပ် ၁ ရံအား ဝယ်ယူ သဖြင့် မနန်းခမ်းနွမ်း မှ ရွှေဘောက်ချာ ဖြတ်ပေးရန် အမည်မေးရာ အဆိုပါ အမျိုးသမီး အမည်မှာ မနီနီဝင်း ဟု ပြောပြ၍ ဘောက်ချာ ဖြတ်ပေးခဲ့ရာ ၄င်းတို့ ၂ဦး ဆိုင်အတွင်းမှ ထွက်ခွာ သွားပြီးနောက် မနန်းခမ်းနွမ်း နှင့် အစ်မဖြစ်သူ မနန်းခမ်းလှိုင် တို့ နှစ်ဦးသည် မှန်ဘောင် အတွင်း ခင်းကျင်း ပြသရန် အတွက် ဆိုင်အတွင်း စားပွဲပေါ်တွင် တင်ထားသော KK စာတမ်းပါ ရွှေလက်စွပ် မောင်းကွင်း (၇ဝ) ကွင်းခန့် ၊ စုစုပေါင်း တန်ဖိုး ငွေကျပ် ၂၁ဝဝဝဝဝဝ ထည့်ထားသော ကော်ဗူးအား ကြည့်ရှု့ရာ မတွေ့ရှိ တော့ကြောင်း သိရသည်။
သို့ဖြစ်၍ ရွှေလက်စွပ် မောင်းကွင်း များကို ခိုးယူသွား သူအား စုံစမ်း အရေးယူ ပေးရန် မနန်းခမ်းနွမ်း မှ တိုင်ကြားသဖြင့် တောင်ကြီး မြို့မရဲစခန်းမှ တရားခံ ဖမ်းဆီးရမိရေး (ပ) ၂၂၆/၂ဝ၁၃ ၊ ပြစ်မှု ၃၈ဝ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
The Myawady Daily
No comments:
Post a Comment