ဧဒင်အချစ်ပုံပြင်: ထောက်ကြန့်၌ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်း ဖမ်းဆီးရမိ

Monday 16 September 2013

ထောက်ကြန့်၌ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်း ဖမ်းဆီးရမိ

Photo: ထောက်ကြန့်၌ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်း ဖမ်းဆီးရမိ

ရန်ကုန် အနောက်ပိုင်း ခရိုင် မူးယစ်အထူး (အဖွဲ့) မှ တပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့် နယ်မြေ ရဲစခန်း မှ တပ်ဖွဲ့ဝင်များ သည် စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခွဲ ခန့်က မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့်အတူ မင်္ဂလာဒုံ မြို့နယ် ၊ ထောက်ကြန့် ပဲခူးလမ်း ရပ်ကွက် ၊ ဘုန်းကြီးကျောင်း လမ်း(ခ) ၊ အောင်မင်္ဂလာလမ်း အမှတ်(၁)ရှိ သန်းစိုး ၃၇ နှစ်၏ နေအထမ်ကို ၀င်ရောက် ရှာဖွေ ခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ နေအိမ် ဘုရားစင်ပေါ် သစ်သားပေါင် အတွင်း မှ WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၃၉၅၆ ပြား ၊ အလေးချိန် ၃ ဒသမ ၃၉ ကီလိုဂရမ် ၊ Austria နိုင်ငံလုပ် အနက်ရောင် ပစ္စတို တစ်လက် ၊ ၄င်းကျည် ၁၁ တောင့် ၊ ကျည်ကတ် တစ်ခု တို့ကို တွေ့ရှိ သိမ်းဆည်း ရမိသည်။ အဆိုပါ ပစ္စည်း များမှာ ၄င်းအိမ်၌ လာရောက် တည်းခိုသည့် ဦးနိုးရယ် ၃၉ နှစ် နှင့် ဒေါ်နန်းမာယာ ၃၉ နှစ်တို့၏ ပစ္စည်းများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရပြီး တရားခံ များအား ထောက်ကြန့် ရဲစခန်းမှ မယ (ပ) ၁/၂၀၁၃ မူးယစ် ပုဒ်မ ၁၅/ ၁၉(က) / ၂၁ / ၂၂(ခ) ဖြင့် အမှုဖြင့် အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...