ဧဒင်အချစ်ပုံပြင်: ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်

Sunday 29 June 2014

ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်

Photo: ပြဿနာ ဖြစ်ပွားမှုများသော ပီနန်းဒေသများကို အဖမ်းဆီးစတင်
****************************************************************

သတင်း 
မလေးရှား (28.6.2014)

နိုင်ငံခြားသားများကြောင့် မှုခင်းဖြစ်ပွားသော ပီနန်းရှိ ဒေသအချို့ကို မနေ့ကစတင်ပြီး အော်ပရာစီ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မလေးရှားသတင်းဌာနအချို့တွင် ယနေ့ ကြော်ငြာသွားခဲ့သည် ။

ပီနန်း ၊ ဘက်တာဝေါ့ (BM) နေရာ အချို့ကို အော်ပရာစီဖမ်းစီးမှုများပြုလုပ်သွားခဲ့ပြီး တစ်ရက်တည်း မြန်မာနိုင်ငံသား တရားမဝင်နေထိုင်သူ 22 ဦး နှင့် ရက်သားကလေးအပါအဝင် အင်ဒိုနီးရှားနိုင်ငံသား 5 ဦး စုစုပေါင်း 27 ဦး ကိုဖမ်းဆီးပြီးဖြစ်ကြောင်းသိရသည် ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင် ပီနန်းတွင် မြန်မာနိုင်ငံသား 2 ဦး သတ်ခံခဲ့ရပြီး တစ်ဦး အရေးပေါ်ကုသနေရကြောင်းသိရသည် ။

မြန်မာနိုင်ငံမှ တာဝန်ရှိသူများ သွားရောက်စုံစမ်းသောအခါ အသတ်ခံရသူ 2 ဦးလုံး တရားမဝင်နေထိုင်သူများဖြစ်ကြောင်းသိရသည် ။ ထို လူသတ်မှုများကြောင့်ဖမ်းဆီးခံရနေရသူများတွင် ပတ်ဝန်ကျင်မှ မြန်မာတရားမဝင်အလုပ်သမား နှင့် တရားမဝင်အလုပ်သမားများကိုခန့်အပ်သော အလုပ်ရှင် ၊ မန်နေဂျာများကိုပါ  ဖမ်းဆီးထားကြောင်းကိုလည်းသွားရောက်ခဲ့ သူများထံမှ သိရသည်။

ယခု Kampung Bagan Lebai Tahir ဖမ်းဆီးမှုတွင် ထိုအရပ်မှ နေထိုင်သူများ၏ တိုင်တန်းမှုများကြောင့် ဖမ်းဆီးရကြောင်း ၊ တိုင်တန်းသူများ မှ ထိုသူတို့ဒေသတွင် တရားမဝင် အလုပ်သမား နှင့် မျက်နှာစိမ်းများ များပြားလာသည်ကို တွေ့ရှိတိုင်တန်းရခြင်းဖြစ်ကြောင်း ကိုလည်း ဖမ်းဆီးသူအရာရှိ Hasbullah က သတင်းဌာနများသို့ရှင်းပြသွားခဲ့သည် ။

အရာရှိက သံသယရှိသူ 111 ဦး ဖမ်းဆီးမိကြောင်း ၊ ထိုထဲမှ 27 ဦးသာ ဖမ်းဆီးထားကြောင်း ၊ ဖမ်းဆီးသူ အင်အား 149 ဦးဖြင့်ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ နံနက် 2 နာရီတွင်စတင်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည် ။ ဖမ်းဆီးမှုတွင် အချို့မှာ ပုန်းအောင်းရန်ကြိုးစားကြောင်း နှင့် ခုတင်အောက်အထိရှာဖွေဖမ်းဆီးခဲရကြောင်းကိုလည်း ENFORCEMENT အရာရှိက သတင်းဌာနသို့ပြောကြားသွားခဲ့သည် ။

.
ပီနန်း - Butterworth တွင် လွန်ခဲ့သော အပတ်က မြန်မာ 2 ဦး အား အုပ်စုဖွဲ့ ရန်ရှာ မှု့ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန် ရရှိမှု နှင့် ပြီးခဲ့သည့် ရက်ပိုင်းက KEDAH တွင် ဆိုင်ကယ်စီးနင်းလာသော မြန်မာတစ်ဦးအား ရှေ့မှ ဓားဖြင့် ရန်ပြုမှုကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရကာ နေရတွင်ပင်သေဆုံးကြောင်း မလေးနိုင်ငံထုတ် သတင်းများတွင် ဆက်တိုက်ဖော်ပြထားသည် ။ ထိုမှုခင်းများကြောင့်လည်း မြန်မာနိုင်ငံသားများစွာအဖမ်းခံထားရကြောင်း ကို ပီနန်းရှိ မြန်မာအရေးဆောင်ရွက်နေသူများထံမှ သတင်းရရှိသည် ။

ဆက်လက် ထူးခြားဖြစ်စဉ်များ နှင့် သိသင့်သည်များရှိပါက မလေးရှားရောက်မြန်မာများ facebook မှဆက်လက်တင်ဆက်ပေးပါမည် ။

Ref : The Star , New Straight Time , 
Photo Thestar သတင်းဌာန

ဘာသာပြန် : မလေးရှားရောက်မြန်မာများ facebook
www.facebook.com/mmrinmy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...