ဧဒင်အချစ်ပုံပြင်: ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များ ရဲ့ဓာတ်ပုံများ...

Sunday 1 July 2012

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ရခိုင်တိုင်းရင်းသားများအား သွားရောက်ကူညီ လှူဒါန်းကြတဲ့ အနုပညာရှင်များ ရဲ့ဓာတ်ပုံများ...




အနုပညာရှင်များမှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ လှူဒါန်း

ဇူလိုင် ၁ ရက်နေ့ မနက်၆နာရီက ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ပြီး အနုပညာရှင်များ မှ စစ်တွေမြို့ ရှိ ဒုက္ခသည်များသို့ အလှူငွေ ကျပ် သိန်း ၉၀၀ ကျော်နှင့် အ၀တ်အထည် အထုပ် ၉၀ ကျော် ကို ဒုက္ခသည် စခန်းများ သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ၀တ်မှုန်ရွှေရည်နှင့် မိုးဟေကို တို့မှ ဒုက္ခသည်များအား တွေ့ ဆုံအားပေးကြစဉ်။

သရုပ်ဆောင် နေတိုး၊ ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့မှ ဒုက္ခသည်ပြည်သူများအား တရင်းတနှီး တွေ့ဆုံနှစ်သိမ့်စဉ်

ရခိုင်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့ကြတဲ့ အနုပညာရှင်များအား အထူးဝမ်းမြောက် ဂုဏ်ပြုအပ်ပါသည်..။ အနုပညာရှင်များမှ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းတာဟာ ပြည်သူတွေအတွက် အားဆေးတခွက်ပါ..။

သတင်း၊ ဓာတ်ပုံ Popular Myanmar News Journal

ကြောက်ရွံ့မှုတွေ၊ စိုးထိတ်မှုတွေ၊ မလုံခြုံမှုတွေ၊ ကျမျက်ရည်တွေ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ ရခိုင်ပြည်သူတွေရဲ့ မျက်နှာပေါ်မှာ ယခုလို တင်္ဒက ကြည်နှူးတဲ့ အပြုံးမျက်နှာလေးတွေ မြင်တွေ့လိုက်ရတဲ့ အတွက် ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင်များရဲ့ ယခုလို မွန်မြတ်တဲ့ လုပ်ရပ်အား ဝမ်းမြောက် သာဓုခေါ်ဆိုအပ်ပါတယ်..။

from ဒီမိုဝေယံ by ဒီမိုဝေယံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...