ဧဒင်အချစ်ပုံပြင်: ကိုကာကိုလာကုမ္ပဏီမှ ဝန်ထမ်းများ စတင်ခေါ်ယူနေ

Sunday 1 July 2012

ကိုကာကိုလာကုမ္ပဏီမှ ဝန်ထမ်းများ စတင်ခေါ်ယူနေ

အမေရိကန် နာမည်ကျော် အချိုရည်တစ်ခုဖြစ်သည့် ကို ကာကိုလာကုမ္ပဏီမှ ဝန်ထမ်းများစတင် ခေါ်ယူနေကြောင်း သိရသည်။
ပက်စီအချိုရည်နှင့် မြန်မာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်း အကျိုးတူ ချိတ်ဆက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ပက်စီကုမ္ပဏီသည် Pepsi-Cola ၊ Frito-Lay ၊ Tropicana ၊ Quaker ၊ Gatorade  အမှတ်တံဆိပ် စားသောက်ကုန်များကို အဓိက ထုတ်လုပ်ကြောင်း သိရသည်။
ဒိုင်းမွန်းစတားကုမ္ပဏီအနေဖြင့် ပက်စီအချိုရည်ကို မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုကာကိုလာ ကုမ္ပဏီက မည်သည့်ကုမ္ပဏီနှင့်မှ ချိတ်ဆက်လုပ်ကြောင်း မကြားသိရသေးပေ။

ကိုကာကိုလာကုမ္ပဏီက မြန်မာအိမ်နီးချင်းနိုင်ငံများမှ အချိုရည်များကို တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်မိတ်ဖက်ကို ရှာဖွေသွားမည်ဟု ကြေညာထားကြောင်း သိရသည်။
Source :  EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...