ဧဒင်အချစ်ပုံပြင်: မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်

Tuesday 24 July 2012

မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်



ဇူလိုင်လ ၂၄ ရက် နံနက်(၉)နာရီမိနစ်(၂၀)လောက်တွင် မော်လမြိုင်မျြိ့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်ခဲ့တဲ့အတွက် ဆရာမနှင့် ကျောင်းသားတချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများအား ဆေးရုံတွင် တက်ရောက်ကုသစေပေမယ့် အရေအတွက် မခန့်မှန်းနိုင်သေးကြောင်းလည်း သိရသည်။

ကျောက်တင်ကားသည် သံလွင် တံတားမှအဆင်း အရှိန်ဖြင့် လမ်းကြောင်းမှားကာ လမ်းလယ်ကျွန်း ၊ ကျောင်းခြံစည်းကို ထိုးဖောက်ကာ ကံ့ကော်ဆောင်၊ ဒဿမတန်း(က)အခန်းသို့(၃)ပေခန့်ကျွံဝင်သွားကြောင်း သိရသည်။
အဆိုပါယာဉ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်ကိုယ်တိုင် ကြည့်ရှုအားပေးခဲ့ကြောင်နှင့် အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ လိုအပ်သောစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Source : EMG

1 comment:

  1. အခုလို စိတ်ဝင်စားစရာကောင်းလှတဲ့သတင်းတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ
    သည်ကနေပြီးတော့ သတင်းတွေအစုံအလင်သိရတာပေါ့ ^_^

    ReplyDelete

Related Posts Plugin for WordPress, Blogger...