ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်

Wednesday 5 December 2012

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ကွယ်လွန်


အမေရိကန်နိုင်ငံရှိ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး ဘီးစ် ကူးပါးသည် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခု၌ အင်္ဂါနေ့ (ဒီဇင်ဘာ ၄ ရက်) က ကွယ်လွန်သွားခဲ့သည်။ သူမသည် မကြာသေးမီက အစာအိမ်ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် နာမကျန်းဖြစ်ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သူမ၏ သားဖြစ်မှ ပြောကြားခဲ့သည်။ အင်္ဂါနေ့မနက်ပိုင်းက ခရစ္စမတ်ဗီဒီယိုတစ်ခုကို ကြည့်ရှုနေရင်း အသက်ရှုရခက်လာပြီး အောက်ဆီဂျင်အကူအညီပေးခဲ့သော်လည်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။



မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဇန်န၀ါရီ ၂၀၁၁ က မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၁၆ နှစ်ရှိပြည့်ပြီးဖြစ်သည်။ တန်းနက်စ်ပြည်နယ်ဖွား မစ္စကူးပါးသည် ပထမကမ္ဘာစစ် ဖြစ်ပွားနေစဉ်အတွင်း

ဆရာမအဖြစ်လုပ်ကိုင်ရန် ဂျော်ဂျီယာသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ဂင်းနစ်မှတ်တမ်းတင်သူများသည် ပြီးခဲ့သောမေလက သူမသည် မစ္စကူးပါးထက် အသက် ၄၈ ရက် ပိုကြီးသော ဘရာဇီးလူမျိုး မာရီယာ ဂိုးမက်စ် ဗလင်တင်ကိုလည်း တွေ့ရှိခဲ့သည်။

သို့သော် ယင်း မေလအတွင်းမှာပင် ဗလင်တင်က သေဆုံးသွားခဲ့သည်။ ဂင်းနစ်မှတ်တမ်းအရ မစ္စကူးပါးသည် ကမ္ဘာ့အသက်အကြီးဆုံး အသက်ရှင်နေထိုင်လျက်ရှိသူဖြစ်သည်ဟု သိရသည်။ မစ္စကူးပါးမတိုင်မီက အသက်အရှည်ဆုံး မှတ်တမ်းတင်သူများမှာ အမေရိကန်နိုင်ငံ အိုင်ဝိုဝါရှိ မန်ဖရက်ဒနီ ၁၁၁နှစ် နှင့် ပြင်သစ်နိုင်ငံရှိ ဂျင်းနီ ကောလ်မန့် ၁၂၂ နှစ်တို့ ဖြစ်ကြသည်။

Source: BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...