ဧဒင်အချစ်ပုံပြင်: မန္တလေးတွင် ဒီဇင်ဘာတတိယပတ်မှစတင်ကာ ဖောင်ကြွနံပါတ်ပြားမတပ်ဆင်သော မော်တော်ဆိုင်ကယ်များအား ထိရောက်စွာ အရေးယူသွားမည်

Tuesday 4 December 2012

မန္တလေးတွင် ဒီဇင်ဘာတတိယပတ်မှစတင်ကာ ဖောင်ကြွနံပါတ်ပြားမတပ်ဆင်သော မော်တော်ဆိုင်ကယ်များအား ထိရောက်စွာ အရေးယူသွားမည်

မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မော်တော်ဆိုင်ကယ်များအားသက်ဆိုင်ရာဌာနကထုတ်
ပေးသော ဖောင်းကြွ နံပါတ်ပြားများ တပ်ဆင်ခြင်းမရှိလျှင် ထိရောစွာအရေးယူဆောင်ရွက်သွားမည်ဟုသိရသည်

။ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ခွင့်ချထားပေးမှု ရပ်နားပြီးနောက် ပိုင်းတွင် မြို့တွင်း၌
ရှိနေသောဆိုင်
ကယ် အရေအတွက်မှာ မှတ်ပုံတင်ခွင့် ပြုထားသောအရေအတွက်ထက်ပိုများနေ သောကြောင့်ယခုကဲ့သို့ အရေး
ယူ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု သိရသည်။
"မြို့တွင်းမှာရှိတဲ့ မော်တော်ဆိုင်ကယ်တွေကို နံပါတ်ဖောင်းကြွတွေကို ထုတ်ပေးဖို့ လုပ်နေတယ်။ အတတ်နိုင်ဆုံး
တော့ လုပ်ပေးနေတယ်။ လက်ရှိရှိနေတဲ့ ဆိုင်ကယ်တွေရဲ့ နံပါတ်ပြားတွေကို ဒီဇင်ဘာလ ကုန်ရင် အပြီးထုတ်ပေး
ဖို့ အစီအစဉ်ရှိပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ၀န်ကြီဌာန ဦးစီးမှူး ဦးသိန်းဦးက ပြော
ကြားသည်။

ဒဏ်ကြေးနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတစ်ဦအား မေမြန်းရာလတ်တလော မှာတော့တိတိကျကျသတ်မှတ်ထား
ခြင်း မရှိသေးဘူး။ ပညာပေးအနေနဲ့ ဖမ်း သွားမယ်။ နောက်ပိုင်းမှာတော့ ထိရောက်စွာ အရေးယူဖို့ ပြုလုပ်မယ်လို့ ထင်ပါ တယ်"ဟု ပြောကြားသည်။

အဆိုပါ ဖောင်ကြွနံပါတ်ပြားများ တပ်ဆင်ခြင်းကိစ္စကို မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက "အခုလုပ်တာ အပိုအလုပ်
တွလို့ ပြောချင်ပါတယ်။ သူတို့ အဓိကစစ်ရာမှာ ဆိုင်ကယ်မှတ်ပုံတင်ထားမထားကို စစ်ဆေးဖို့က အဓိကပါ။ အခု
လိုလုပ်တော့ လူတွေက ဆိုက်ကယ်နံပါတ်ပြားတွေအတွက် အချိန်ကုန် နေရပြီး အစကတည်း ဒါမျိုးတွေကို စီစဉ်
ဆောင်ရွက်သင့်တယ်။ အဲဒီအတွက် ဘယ်လောက်များ ဆိုက်ကယ်တွေကို ခွဲလို့ရမှာမို့လို့လဲ"ဟု ဆိုသည်။

မန္တလေးမြို့အတွင်းတွင် မှတ်ပုံတင်ထားရှိသော ဆိုင်ကယ်စီးရေ လေးသိန်း ကျော်ရှိပြီးစည်ပင်သာယာ နယ်နိမိတ်
အတွင်းတွင် မောင်းနှင်နေသော ဆိုင်ကယ်စီးရေမှာ ခြောက်သိန်းကျော်အထိရှိနေ ကြောင်းသိရသည်။

မျိုးသန့်
 
The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...