ဧဒင်အချစ်ပုံပြင်: ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ထုတ်ပြန်ချက်နှင့် မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံ..

Tuesday 15 January 2013

ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ထုတ်ပြန်ချက်နှင့် မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံ..

ယနေ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ကချင်အရေး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုက်တွန်း ထုတ်ပြန်ချက်၊ လိုင်ဇာက အပြစ်မဲ့ ဒုက္ခသည်ပြည်သူတွေရဲ့ မြင်ကွင်းရုပ်သံဖိုင်နှင့်ယူနန်သတင်းဋ္ဌာနက ထုတ်လွှင့်တဲ့ မြန်မာစစ်တပ် ရဟတ်ယာဉ် ပျက်ကျတဲ့ သတင်းရုပ်သံဖိုင်။
ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်တာတွေ ရပ်ကြဖို့ အပြစ်မဲ့ ပြည်သူတွေ ကိုယ်စား တောင်းဆိုအပ်ပါသည်။

ယနေ့မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက (ယနေ့ ၁၅ရက်နေ့ သတင်းမှာ) ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ပြောဆိုလိုက်တဲ့ သတင်းရုပ်သံပါ..။

ကြားထဲက မြေဇာပင်ဖြစ်ရတဲ့ ယနေ့လိုင်ဇာမြို့အတွင်းမှ စစ်ပြေးဒုက္ခသည်တွေရဲ့ မြင်ကွင်းပါ။ နှစ်ဘက်ခေါင်းဆောင် လူကြီးတွေရဲ့ အမိန့်တွေကြားမှာ ကြားထဲက ပြည်သူတွေ မြေဇာပင်ဖြစ်ရ၊ အိုးပစ်အိမ်ပစ် ကျီးလန့်စာစားနေရပြီး။ တိုင်းတပါးနယ်မြေထဲမှာ မျက်နှာငယ်ရ၊ နှစ်ဘက်စလုံးက အရွယ်ကောင်းလူငယ်တွေ အသက်တွေ စတေးရ၊ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံနေကြရတာပါ.။ ဗိုလ်၊ ကျား သေနတ် ကြိုက်တာလုပ်ဆိုပြီး ကလေးကစားသလို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားတာ မဟုတ်ပါ..။

အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားညှာတာကြပါ..။ စစ်ပွဲတွေ ရပ်ကြပါ တိုက်ပွဲတွေရပ်ကြပါ..။ ငြိမ်းချမ်းရေးတွေ အမြန် ဖော်ဆောင်ကြဖို့ အပြစ်မဲ့ ပြည်သူတွေကိုယ်စား တိုက်တွန်းအပ်ပါတယ်...။

ဒီမိုဝေယံ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...