ဧဒင်အချစ်ပုံပြင်: ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

Friday 4 January 2013

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော  အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ  အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ် အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူ ခဲ့ရသည်။ အဆိုပါ  အင်္ကျီ     ၏တန်ဖိုးမှာ   အမေရိကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။

အဆိုပါ အင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး   ရွှေရောင် ခါးပတ် တစ်ခုကိုလည်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။

ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေလက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။

လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/3575-2013-01-04-09-46-50

အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန်အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လိုသဖြင့် ရွှေပန်းထိမ်တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သောအင်္ကျီတစ်ထည် ဖန်တီးပေး ရန် အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ်အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူခဲ့ရသည်။ အဆိုပါ အင်္ကျီ၏တန်ဖိုးမှာ အမေရိ ကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။
အဆိုပါအင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး ရွှေရောင်ခါးပတ် တစ်ခု ကို လည်း ပြုလုပ် ခဲ့ကြောင်း သိရသည်။
ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။
ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေ လက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။
လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...