ဧဒင်အချစ်ပုံပြင်: သစ်ကိုင်းကျိုး၍ ကားပေါ်ပြုတ်ကျ လူ(၁)ဦးသေဆုံး

Monday 14 January 2013

သစ်ကိုင်းကျိုး၍ ကားပေါ်ပြုတ်ကျ လူ(၁)ဦးသေဆုံး

၁၁-၁-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ရန်ကုန်-မန္တလေး(လမ်းဟောင်း) ကားလမ်းအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ပြည်ပန်းကျေရွာနေ အောင်မျိုးနိုင်(၃၈)နှစ်မောင်းနှင်ပြီး ခေါင်းခြမ်းဝဲဘက်တွင် ဦးခင်မောင်မြင့် (၄၆)နှစ်လိုက်ပါလာသော ၈စ/xxxx မိတ်္ထီလာစက်မှုဇုန်ထုတ် ဂျစ်ကားသည် ပြည်ပန်းကျေရွားအနီးအရောက်တွင် ကားလမ်းဘေးရှိ ထနောင်းပင်မှ သစ်ကိုင်းကျိုး၍ ကားပေါ်သို့ ပြုတ်ကျခဲ့သည်။ သစ်ကိုင်းကျိုးကျသဖြင့် ကားပေါ် လိုက်ပါလာသူ ဦးခင်မောင်မြင့်၏
ဝဲဘက်ဂျိုင်းအောက်ပေါက်ပြဲဒဏ်ရာ၊ ၀မ်းဗိုက်နာကျင်ဒဏ်ရာများ ရရှိသဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံးသို့ တက်ရောက်ဆေးကုသလျက်ရှိရာ ၁၂-၁-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် ဆေးရုံး၌ သေဆုံးခဲ့သည်။ ထိုသို့ သေဆုံးသွား၍ ကျောက်ဆည်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၃)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်

1 comment:

  1. ဒါကြောင့် နက်ဖြန်ဆိုတာဘယ်သူမှ မပိုင်ပါဘူးဆိုတာ။
    သေချင်တော့ ကြံဖန်....
    အသက်ရှင်စဉ် ကုသိုလ်ရေးဘဲတွေးရတော့မယ်။
    သေရင်တောင် ကုသိုလ်လေးနဲ့ သေချင်တယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...