ဧဒင်အချစ်ပုံပြင်: ပြီးခဲ့သည့်နှစ်က မိုဇမ်ဘစ်၌ မိကျောင်း ၁၃ ကောင် သတ်ဖြတ်ခံရ

Tuesday 15 January 2013

ပြီးခဲ့သည့်နှစ်က မိုဇမ်ဘစ်၌ မိကျောင်း ၁၃ ကောင် သတ်ဖြတ်ခံရ

မိုဇမ်ဘစ် အာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်က လူတို့ကို တိုက်ခိုက် အန္တရာယ်ပြုသည့် မိကျောင်း ၁၃ ကောင်ကို ရှင်းလင်း သတ်ဖြတ်ခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်က ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ နိုင်ငံ အနောက်မြောက်ပိုင်း တီတီပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ကုန်က မိကျောင်းများ တိုက်ခိုက်ခံရသဖြင့် လူ ၁၈ ဦး သေဆုံးခဲ့ရပြီးနောက် အဆိုပါ မိကျောင်း ရှင်းလင်းရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် မိုဇမ်ဘစ်ရေဒီယိုက ကြေညာခဲ့သည်။ သေဆုံးသူအများစုမှာ မူတာရာရာ၊ ကာဟိုရာဘာဆာ၊ ဇမ်ဘို၊ မာဂီနှင့် မော့တီဇီဒေသတို့မှဖြစ်ပြီး ၄င်းတို့သည် ဒေသတွင်း မြစ်ရေပြင်များ၌ ရှိနေချိန်ထိုသို့ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းမိကျောင်း ရှင်းလင်းရေး လုပ်ငန်းတွင် တီတီပြည်နယ်နှင့်
ဇမ်ဘီဇီမြစ်၏ မြစ်ကမ်းပါးတစ်လျှောက်ရှိ မိကျောင်းများ သေဆုံးသည့် နေရာများမှ မိကျောင်းဥများကိုလည်း သိမ်းဆည်း ယူငင်ခဲ့သည်ဟု ဆိုသည်။ မိုဇမ်ဘစ်နိုင်ငံ တီတီပြည်နယ် တစ်ခုတည်းတွင် မိကျောင်းများသာမက အခြားသော ခြင်္သေ့၊ ဆင်နှင့် ကျားသစ်များ၏ တိုက်ခိုက် အန္တရာယ်ပြုမှုကြောင့် လူပေါင်း ၄ဝ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ (ဆင်ဟွာ)

 .khitlunge.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...