ဧဒင်အချစ်ပုံပြင်:  မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား ဒီဇင်ဘာလ ၂၈ ရက်နေ့က MIC မှချထား Coca-Cola မှ အရက်မပါသည့် အသင့်သောက် အဖျော်ယမကာများအပြင် ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်

Friday 4 January 2013

 မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား ဒီဇင်ဘာလ ၂၈ ရက်နေ့က MIC မှချထား Coca-Cola မှ အရက်မပါသည့် အသင့်သောက် အဖျော်ယမကာများအပြင် ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်

ha-4-1-2
မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား MIC မှ ချထားပေးလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မာက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အရက်ပါဝင်ခြင်း မရှိသည့် အသင့်သောက် အဖျော်ယမကာများနှင့် အသင့်ထုပ်ပိုးထားသော ရေသန့်ဗူးများ ထုတ်လုပ်ရောင်းခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းအတွက် ခွင့်ပြုမိန့် ချထားပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံကို ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် (၃) တွင် တည်ထောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Coca-Cola အနေဖြင့် မြန်မာကုမ္ပဏီတစ်ခုဖြစ်သော ပင်းယကုန်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းထားခြင်းဖြစ်ပြီး လှိုင်သာယာစက်မှုဇုန် (၃) ရှိ စက်ရုံအပြင် ထောက်ကြန့် (မြို့ရှောင်လမ်း) တွင်လည်း စက်ရုံသစ် တည်ထောင်ကာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမည်ဟု သတင်းရရှိပါသည်။
အရက်ပါဝင်ခြင်းမရှိသည့် အသင့်သောက်သုံးသည့် အဖျော်ယမကာများ ဆိုသည်မှာ အရက်မဟုတ်သည့်၊ အရက်မပါသည့် အချိုရည်နှင့် ရေများကို ဆိုလိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မြောက် အစည်းအဝေးမှ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့် လျှောက်ထားသည့် စက်ရုံအား ခွင့်ပြုခြင်းအပါအ၀င် ခွင့်ပြုမိန့် ၅ ခုအား ထုတ်ပေးခြင်းဖြစ်ပြီး အခြားလုပ်ငန်းများမှာ လက်ခစားစနစ် (CMP စနစ်) ဖြင့် စက်ရုံလုပ်ငန်း ၄ ခု ဖြစ်ကြောင်းသိရသည်။
Coca-Cola Pinya Beverages Myanmar Ltd မှ စက်ရုံတည်ထောင်မည့် ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြှုပ်နှံခြင်းဖြစ်ပြီး ရင်းနှီးငွေ ပမာဏကို ဖော်ပြထားခြင်း မရှိကြောင်းလည်း သိရသည်။
by- .news-eleven

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...