
သုံးယောက်စီးကား ဖြစ်ပါတယ်။ ကားရဲ့  ဖွဲ့စည်းတည်ဆောက်ပုံကလည်း ထူးကို ထူးခြားပါတယ်။ အလယ်တည့်တည့်မှာ ဒရိုင်ဘာမောင်းပြီး ဘေးနှစ် ဘက်မှာ ခရီးသည်လိုက်ပါနိုင်ပါတယ်။ ဂက်စ်နဲ့ လျှပ်စစ်ဓာတ်အား နှစ်မျိုး အသုံးပြုတဲ့ကား ဖြစ်ပါတယ်။ ဂက်စ်နဲ့ဆိုရင် တစ်ဂါလံကို မိုင် ၁၀၀ မောင်းနှင် နိုင်ပါတယ်။ သူ့ရဲ့  ပြေးနှုန်းကတော့ တစ်နာရီ ၈၉ မိုင်အထိ ရှိပါတယ်။ သာမန် ကားတစ်စီးလိုပါပဲ။ မြို့ တွင်းသုံးမယ်ဆိုရင် ပိုသင့်တော် မယ့်ကား ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်ကို ဆုပ်ယူပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲမယ်။ ပြီးတော့ လျှပ်စစ်ဘက်ထရီမှာ Store လုပ်ပြီး မော်တာကို လည်ပတ်စေမှာ ဖြစ်ပါတယ်။ ဆီရှားမယ့် အနာဂတ် ကမ္ဘာမှာ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်။ ကားကို Antro Solo လို့အမည် ပေးထားပြီး ယခုနှစ်အတွင်း ထွက်ရှိနိုင်အောင် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref: techgadgets
Aung Kham (TSJ team)
No comments:
Post a Comment