ဧဒင်အချစ်ပုံပြင်: မြောက်ကိုရီးယား အမျိုးသမီး များကို လူကုန်ကူးသည့် အဖွဲ့အား တရုတ် ရဲတပ်ဖွဲ့ဖမ်းဆီး

Sunday 27 January 2013

မြောက်ကိုရီးယား အမျိုးသမီး များကို လူကုန်ကူးသည့် အဖွဲ့အား တရုတ် ရဲတပ်ဖွဲ့ဖမ်းဆီး


Photo: မြောက်ကိုရီးယား အမျိုးသမီး များကို လူကုန်ကူးသည့် အဖွဲ့အား တရုတ် ရဲတပ်ဖွဲ့ဖမ်းဆီး 

 တရုတ် ရဲတပ်ဖွဲ့သည် မြောက်ကိုရီးယား အမျိုးသမီး များအား ပြည့်တန်ဆာ အဖြစ်သို့ ရောင်းချခဲ့သည့် လူမှောင်ခို အဖွဲ့တစ်ဖွဲ့အား ဖမ်းဆီးခဲ့ကြောင်း တရုတ် နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြ ထားသည်။
အဆိုပါ လူကုန်ကူးသည့် အဖွဲ့တွင် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံသားများ ပါဝင်ကြောင်း တရုတ် မီဒီယာ တစ်ခုက သတင်း ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်ပြီးသည့် အချိန်မှစ၍ မြောက်ကိုရီးယား- တရုတ် နယ်စပ် တစ်လျှောက်တွင် မြောက် ကိုရီး ယား  ပြည်ပြေး များနှင့် လူကုန်ကူးသူ ပွဲစားများကို စတင် နှိမ်နင်းခဲ့သည်။
မြောက်ကိုရီးယား လူမျိုးစု အများစု နေထိုင်ရာ ကျီလင်ပြည်နယ် ယမ်ကျီ ဒေသရှိ ရဲတပ်ဖွဲ့ သည် ပြည်ပ နိုင်ငံသား လေး ဦးနှင့် တရုတ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဟေးလုံကျန်း ပြည်နယ်နှင့် တရုတ် နိုင်ငံ၏ အခြား ဒေသများ သို့ ရောင်းချခံခဲ့ ရသည့် မြောက်ကိုရီးယား အမျိုးသမီး ၁၂ ဦးကို ကယ်ဆယ်ခဲ့ပြီး ၎င်းတို့အား မြောက်ကိုရီးယား နိုင်ငံ သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသည့် မြောက်ကိုရီးယား အမျိုးသမီး ၂ဝ ဦးသည် အသက် ၂ဝ မှ ၄ဝ အကြားရှိပြီး လူကုန် ကူးသည့်အဖွဲ့က အမျိုးသမီး တစ်ဦးလျှင် ယွမ်ငွေ ၁ဝဝဝဝ မှ ၁၅ဝဝဝ ဖြင့် ရောင်းချပြီး လူကုန်ကူးသူ ပွဲစားများကို ယွမ်ငွေ ၃ဝဝဝ မှ ၅ဝဝဝ အထိ ပေးရကြောင်း သိရသည်။                                 

http://www.mwdmedia.net/2013/01/blog-post_4289.htmlတရုတ် ရဲတပ်ဖွဲ့သည် မြောက်ကိုရီးယား အမျိုးသမီး များအား ပြည့်တန်ဆာ အဖြစ်သို့ ရောင်းချခဲ့သည့် လူမှောင်ခို အဖွဲ့တစ်ဖွဲ့အား ဖမ်းဆီးခဲ့ကြောင်း တရုတ် နိုင်ငံထုတ် သတင်းစာ တစ်စောင်တွင် ဖော်ပြ ထားသည်။
အဆိုပါ လူကုန်ကူးသည့် အဖွဲ့တွင် တရုတ်နှင့် မြောက်ကိုရီးယား နိုင်ငံသားများ ပါဝင်ကြောင်း တရုတ် မီဒီယာ တစ်ခုက သတင်း ထုတ်ပြန်သည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်ပြီးသည့် အချိန်မှစ၍ မြောက်ကိုရီးယား- တရုတ် နယ်စပ် တစ်လျှောက်တွင် မြောက် ကိုရီး ယား ပြည်ပြေး များနှင့် လူကုန်ကူးသူ ပွဲစားများကို စတင် နှိမ်နင်းခဲ့သည်။
မြောက်ကိုရီးယား လူမျိုးစု အများစု နေထိုင်ရာ ကျီလင်ပြည်နယ် ယမ်ကျီ ဒေသရှိ ရဲတပ်ဖွဲ့ သည် ပြည်ပ နိုင်ငံသား လေး ဦးနှင့် တရုတ် အမျိုးသား တစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဟေးလုံကျန်း ပြည်နယ်နှင့် တရုတ် နိုင်ငံ၏ အခြား ဒေသများ သို့ ရောင်းချခံခဲ့ ရသည့် မြောက်ကိုရီးယား အမျိုးသမီး ၁၂ ဦးကို ကယ်ဆယ်ခဲ့ပြီး ၎င်းတို့အား မြောက်ကိုရီးယား နိုင်ငံ သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရသည့် မြောက်ကိုရီးယား အမျိုးသမီး ၂ဝ ဦးသည် အသက် ၂ဝ မှ ၄ဝ အကြားရှိပြီး လူကုန် ကူးသည့်အဖွဲ့က အမျိုးသမီး တစ်ဦးလျှင် ယွမ်ငွေ ၁ဝဝဝဝ မှ ၁၅ဝဝဝ ဖြင့် ရောင်းချပြီး လူကုန်ကူးသူ ပွဲစားများကို ယွမ်ငွေ ၃ဝဝဝ မှ ၅ဝဝဝ အထိ ပေးရကြောင်း သိရသည်။

.mwdmedia.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...