ဧဒင်အချစ်ပုံပြင်: အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်သစ်များ တွေ့ရှိရ

Wednesday 23 January 2013

အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်သစ်များ တွေ့ရှိရ

Photo: အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်သစ်များ တွေ့ရှိရ

လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ခေတ်မီ သုတေသနပြုမှု ရလဒ်များက အသက်(၁၅)နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းနှင့် ပတ်သက်သော နောက်ထပ် လျှို့ဝှက်ချက် အသစ်များကို ထွက်ပေါ်လာစေခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သတ်ဖြတ်ခြင်း မခံရမီ ကတည်းက အဆုတ်တွင် ဘက်တီးရီးယား ပိုးမွှား ဝင်ရောက် တိုက်ခိုက်မှုနှင့် ကြုံထားရကြောင်း သိရှိရသည်။ ပညာရှင်များသည် မံမီရုပ်အလောင်းထံမှ တစ်သျှူးစ အချို့ကို ထုတ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မိန်းကလေး၏ အဆုတ်ရောဂါသည် သူမအတွက် မည်သည့် အတိုင်းအတာထိ သက်ရောက်ခဲ့သည်ကိုမူ တိတိကျကျ မသိနိုင်သေးချေ။

ဥပမာအားဖြင့် အီဂျစ်ဘုရင် တူတန်ခါမန်သည် ငှက်ဖျားရောဂါ ခံစားခဲ့ရဖူးကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည့်တိုင် ၎င်းသေဆုံးမှုသည် ယင်းရောဂါနှင့် မသက်ဆိုင်ချေ။ သုတေသန စစ်တမ်းများတွင်လည်း အားနည်းချက်များ ရှိနေနိုင်သည်ကို ပညာရှင်များ ကိုယ်တိုင်က ဝန်ခံထားသည်။ နောက်ထပ် အချက်တစ်ခုမှ ရုပ်အလောင်းများထံမှ နမူနာယူသော ပရိုတိန်းနှင့် DNAများသည် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု များပြားပါက အချက်အလက် လွဲချော်မှုများထံ ဦးတည်သွားစေနိုင်ကြောင်း သိရှိရသည်။

ယခု လေ့လာမှုတွင် နယူးယော့ခ်ရှိ စီးတီး တက္ကသိုလ်မှ မှုခင်းဆေးပညာရှင် အန်ဂျလိစ် ကော်သဲလ်နှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် The Maidenဟု အမည်ပေးထားသည့် မိန်းကလေး အလောင်းမှ DNAနှင့် အသက်(၇)နှစ်အရွယ် အခြား ယောက်ျားလေး မံမီ အလောင်းတို့၏ DNAများကို သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းကလေး မံမီအလောင်းနှစ်ခုကို (၁၉၉၉)ခုနှစ်က တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းတို့ကို အာဂျင်တီးနားနိုင်ငံရှိ ပင်လယ်ရေမျက်နှာပြင်အထက် (၂၂၁၀၀)ပေမြင့်သော လူလူလိုင်လာကို မီးတောင်ထိပ်တွင် စတေး၍ မြှုပ်နှံထားခြင်းဟု သိရှိရသည်။

ယခင် လေ့လာတွေ့ရှိမှုများအရ ထိုကလေးနှစ်ဦးကို မစတေးမီ အလွန်ဝဖြိုးအောင် ကျွေးမွေးထားခဲ့ပြီး ရိုးရာ အာလူးဟင်းလျာများနှင့် အသီးအရွက်များကို အဓိက စားသောက်စေခဲ့သည်။ ထိုသို့ ရွေးချယ် ကျွေးမွေးမှုကို စတေးမှု မပြုလုပ်မီ (၁)နှစ်မျှကတည်းက စတင်ခဲ့ခြင်းဟုလည်း သုတေသီများက ဆိုသည်။ ထို့အပြင် ကလေးနှစ်ဦးသည် အထူးကောင်းမွန်သည့် ဟင်းလျာအဖြစ် ထိုစဉ်က လူမှုအသိုင်းအဝိုင်းတွင် သတ်မှတ်ခဲ့သည့် ပြောင်းဖူးနှင့် တောင်ပေါ်နေ ကုလားအုတ်သားတို့ကိုပါ စားသောက်ခွင့် ရခဲ့သည်။ 

ကလေးနှစ်ဦးကို သတ်ဖြတ်ပြီးချိန်တွင်လည်း အေးခဲနေသော ရာသီဥတုကြောင့် ၎င်းတို့၏ ရုပ်အလောင်းများကို မပျက်မစီးအောင် ကြာရှည် တည်ရှိနေစေခဲ့ခြင်း ဖြစ်သည်။ ကော်သဲလ်က "ကျွန်မတို့ အလောင်းတွေကို စတွေ့တုန်းက ပထမဆုံး မျှော်လင့်လိုက်တာက သူတို့ဆီမှာ သွေးစ အကြွင်းအကျန်လေးတွေ ရှိနေဖို့ပါ။ နှုတ်ခမ်းလို နေရာမျိုးတွေမှာ သွေးခဲလေးတွေ ရှိတတ်တယ်လေ။ ဒါပေမဲ့ ကျွန်မတို့ မျှော်လင့်ထားတာထက် အများကြီး ပိုတဲ့ ပမာဏမျိုး ကျွန်မတို့ ရခဲ့ကြပါတယ်"ဟု ပြောကြားခဲ့သည်။

မနုဿဗေဒ ပညာရှင်များသည် အဆိုပါ ကလေးအလောင်း နှစ်ခုအပြင် (၆)နှစ်အရွယ် မိန်းကလေးငယ် အလောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့သေး သည်။ ပညာရှင်များသည် The Maiden ရုပ်အလောင်း၏ အဆုတ်ကို X-Rayနှင့် DNAစစ်ဆေးမှု နည်းပညာများ အသုံးပြု လေ့လာပြီးနောက် ပိုးမွှားဝင်ရောက်မှု ရှိခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ သူမ၏ အဆုတ်တွင် ရှိနေသော ပိုးမှာ Mycobacterium မျိုးနွယ်ဝင် ဖြစ်ပြီး ယင်းသည် အသက်ရှူလမ်းကြောင်း အထက်ပိုင်းတွင် အနာဖြစ်ခြင်းနှင့် တီဘီရောဂါတို့ ကို ဖြစ်စေနိုင်သည်။ သူမနှင့်အတူ ရှိနေသည့် ယောက်ျားလေး အလောင်းတွင်မူ မည်သည့် ရောဂါပိုးမျှ မတွေ့ခဲ့ရဟုလည်း သိရှိရသည်။

Planet Myanmar Networkလွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...