ဧဒင်အချစ်ပုံပြင်: ရန်ကုန် ဆိပ်ကမ်းတွင် စက်လှေ တိမ်းမှောက် နစ်မြုပ် အမျိုးသမီး ငါးဦး ပျောက်ဆုံး လျက်ရှိ

Sunday 17 February 2013

ရန်ကုန် ဆိပ်ကမ်းတွင် စက်လှေ တိမ်းမှောက် နစ်မြုပ် အမျိုးသမီး ငါးဦး ပျောက်ဆုံး လျက်ရှိ

ရန်ကုန် ဆိပ်ကမ်းတွင် စက်လှေ တိမ်းမှောက် နစ်မြုပ် အမျိုးသမီး ငါးဦး ပျောက်ဆုံး လျက်ရှိရန်ကုန်  ဖေဖော်ဝါရီ  ၁၆
ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကမ်း မြို့နယ် ဘုန်းကြီးလမ်း အမှတ်(၂) ဗောတံတားနှင့် (၁၄)လမ်း ဗောတံတား အကြားရှိ စက်လှေဆိပ်တွင် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က စက်လှေတစ်စင်း တိမ်းမှောက် ၍ နစ်မြုပ် ခဲ့ရာ စက်လှေပေါ် လိုက်ပါသူ အမျိုးသမီး ငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မှ ဆိပ်ကြီး ခနောင်တို မြို့နယ် သာစည်ကျေးရွာသို့ ပြေးဆွဲလျက် ရှိသော နေလင်း (၂) မြင်းကောင်ရေ ၂ဝ ကျော်အားရှိ ရေယာဉ်ပိုင်ရှင် ဦးလှရွှေ၊ ရေယာဉ်မောင်း ဇော်လင်းထွန်း (ခ)ရာမာန် ဒလ မြို့နယ် စက်မြေရပ် နေသူသည် ခရီးသည် ၅ဝ ကျော်နှင့် ကုန်ပစ္စည်းများ တင်ဆောင်လျက်
ဘုန်းကြီးလမ်း အမှတ် (၂) ဗောတံတားမှ စအထွက်တွင် ရေစီးအား အရှိန် မထိန်းနိုင် ဘဲ ပြည့်ဝသာထွန်း သင်္ဘော ပဲ့ပိုင်းနှင့် ချိတ်မိပြီး တိမ်းမှောက် နစ်မြုပ်ခဲ့၍ ရေယာဉ်ပေါ် စီးနင်း လိုက်ပါသူ ၅ဝ ကျော် ရေနစ် မြုပ်ခဲ့ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့များမှ အချိန်မီ ဆောင်ရွက် မှုကြောင့် ခရီးသည်များအား ကယ်တင် နိုင်ခဲ့သော်လည်း အမျိုးသမီး ငါးဦးမှာ ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ရေယာဉ်မောင်း ဇော်လင်းထွန်း (ခ) ရာမာန်မှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိပြီး ဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ ဆိပ်ကမ်းမြို့နယ် ဆိပ်ကမ်း ရဲစခန်းမှ  အမှုစစ် ဒုတိယ ရဲအုပ် ခင်မောင်လွင်နှင့် အဖွဲ့ရောက်ရှိ၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ပြီး ပ/၅၅/ ၂ဝ၁၃ ဖြင့် အမှုဖွင့်၍  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈ဝ/၃၃၈ အရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  

by- .myawady

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...