
ဇာတ်ကားရိုက်ကူးမှုတွေကို ဂရုတစိုက်သေသေချာချာ လုပ်ဖြစ်လာတဲ့အတွက် ဇာတ်လမ်းကောင်းလေးတွေ ထွက်လာသလို၊ ပရိသတ်ရဲ့ အားပေးမှုကိုလည်း ရတာပါလို့ ဆိုတာကြောင့် “ကိုယ်ကတော့ ဟိုး အရင်တုန်းက ငယ်သေးတော့ စိတ်ကအလုပ်ကို မြန်မြန်ပြီးချင်တာ။ နားရလို့ ပျော်နေတာတို့ပေါ့။ အခု နောက်ပိုင်းကျတော့ ဒီအလုပ် ကို တဖြည်းဖြည်းပျော်လာတယ်။ အလုပ်မရှိရင်တောင် ငြီးငွေ့လာ တယ်။ နောက် ပိုင်းအလုပ်လုပ်ရတာ ပျော်လာတယ်”လို့ ပြောပြပါတယ်။
သီလရှင်ဝတ်ပြီးနောက်ပိုင်း စိတ်အေးချမ်းမှုတွေရတဲ့အတွက် သီလရှင်ဝတ်ချင်စိတ်တွေထပ်ပြီး ဖြစ်မိနေတယ်လို့ဆိုတဲ့ သင်ဇာဝင့်ကျော်က “စိတ်ထဲမှာ ဖြစ်မိနေတာက သင်ဇာဒီနှစ်ထဲမှာ နောက်တစ်ခါ သီလရှင်ထပ်ဝတ်မလားလို့ စဉ်းစားနေတယ်။ သင်ဇာသီလရှင်ဝတ်တုန်းက သင်ဇာ့ကြီးကြီးကလည်းပါတော့ ကြီး ကြီးကလည်း ထပ်ဝတ် ပါလားလို့ ပြောတယ်။ ဝတ်ရင်ကောင်းမလား လို့ ပြောလိုက်တာနဲ့ ဘေးက တိုက်တွန်းမှုတွေက များနေတယ်။ အဲဒါ ကြောင့် ပိုပြီးဝတ်ချင်စိတ်ဖြစ်လာတယ်”လို့လည်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်
No comments:
Post a Comment