ဧဒင်အချစ်ပုံပြင်: ဆိုက်ကားဝယ်နိုင်ရန် ပဲခူးမှာ စည်ပင်ကငွေချေးပေး

Tuesday, 19 February 2013

ဆိုက်ကားဝယ်နိုင်ရန် ပဲခူးမှာ စည်ပင်ကငွေချေးပေး

အနှေးယာဉ်မောင်းလုပ်သား များအား ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်မှ ငွေထုတ်ချေးသည့် အခမ်းအနားကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီ အချိန်က ပဲခူးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်း အနားသို့ ပဲခူးတိုင်းစည်ပင်သာ ယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးအောင်မြင့်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ ပဲခူးမြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမိုးကျော်နှင့် စည်ပင်သာယာဝန်ထမ်းများ ချေးငွေထုတ်သူအနှေးယာဉ်လုပ် သားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပဲခူးတိုင်း
စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်မြင့်က ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်း ရဲနွမ်းပါးမှုလျော့ချရေးအပါအ၀င် လုပ်ငန်း(၈)ရပ်ရှိသည့်အနက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် မှ ချေးငွေများကိုထုတ်ယူပြီး ပိုင် ရှင်များထံမှ နေ့တွက်ဖြင့် ငှားရမ်း မောင်းနှင်နေရသည့်ဘ၀မှ ကိုယ် ပိုင်ဆိုက္ကားဝယ်ယူ၍ နင်းနိုင်သည့် ဘ၀ရောက်ရှိအောင် ငွေထုတ် ချေးခြင်းဖြစ်ကြောင်း၊ ယနေ့ ထုတ်ချေးလိုက်သည့် ငွေကျပ် (၁)သိန်းဖြင့် ဆိုက္ကား(၁)စီးကို ၀ယ်ယူပြီး ပိုင်ရှင်အဖြစ်လုပ်ကိုင် စားသောက်နိုင်ရန် ရည်သန်ခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မှအပ အခြားမည်သည့်တိုင်းနှင့် ပြည်နယ်တွင်မှ ဆောင်ရွက်ဖူး ခြင်းမရှိသေးပါကြောင်း ယခုချေး ငွေ(၁)သိန်းဖြင့် ၀ယ်ယူသည့် ဆိုက္ကားတွင် လိုင်စင်မရှိပါက ချက်ခြင်းပြုလုပ်ပေးမည်ဖြစ်သကဲ့ သို့ လိုင်စင်ပါလာပါကလည်း အမည်ပြောင်းကို အဆင်ပြေ ချောမောအောင် လုပ်ကိုင်ပေး မည်ဖြစ်ကြောင်း၊ အခက်အခဲ တစ်စုံတစ်ရာရှိပါက မိမိရုံးခန်းသို့ အချိန်မရွေးလာရောက်တွေ့ဆုံ အကူအညီတောင်းကြပါရန် ပြောကြားသွားသည်။
ထို့နောက် အနှေးယာဉ်လုပ် သား(၃၆)ဦးတို့အတွက် ငွေကျပ် (၃၆)သိန်းကို တာဝန်ရှိသူများက ချေးငွေများပေးအပ်ကြရာ အနှေးယာဉ်လုပ်သား ဦးစိုးတင့် က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ပဲခူးတိုင်းဒေသ ကြီးအတွင်း မြို့နယ် (၂၈)မြို့နယ် မှ အနှေးယာဉ်လုပ်သားများအား အနှေးယာဉ်ပိုင်ရှင်ဖြစ်စေရေး အတွက် ငွေကျပ်သိန်း (၆၇၀)ကို ဆက်လက်ထုတ်ချေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

.hotnewsweekly-စိန်လှိုင်ဗိုလ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...