ဧဒင်အချစ်ပုံပြင်: ဂျောင်ဆိုယွန် ကိုယ်တိုင်ချက်ပြုတ်မည့် မြန်မာ့အစားအစာများ

Saturday 16 February 2013

ဂျောင်ဆိုယွန် ကိုယ်တိုင်ချက်ပြုတ်မည့် မြန်မာ့အစားအစာများ



ကိုရီယားရုပ်သံလိုင်းတစ်ခုဖြစ်သည့် KBSရုပ်သံလိုင်းမှအရသာစုံတဲ့လောကကြီး(DELICIOUS  PLANET PROGRAM ) အစီအစဉ်အားတင်ဆက်ရိုက်ကူးမည်ဖြစ်ရာ မြန်မာ့တိုင်းရင်းသားရိုးရာ စားစရာများအကြောင်းရိုက်ကူးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံကိုလာပြီး ရုပ်/သံ ရိုက်ကူးတာ ဒါ ပထမဦးဆုံးပါ၊ဒီအစီအစဉ်အတွက် ပဒုမ္မာ စားသောက်ဆိုင်ကို ရိုက်ပြီးပါပြီဟုအရသာစုံတဲ့လောကကြီး အစီအစဉ်ဇာတ်လမ်း ဒါရိုက်တာ Mr.Kimကပြောသည်။
အဆိုပါ အစီအစဉ်တွင် ကိုးရီးယားရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သည့်မင်းသမီး ဂျောင်ဆိုယွန် (Jong Soo Young) ပါဝင်၍ကိုယ်တိုင်ချက်ပြုတ်သည့်အစီအစဉ်ကို ကိုရီးယားနိုင်ငံ၌ တစ်ပတ်(၅)ကြိမ်ပြသသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ဒဂုံမြို့နယ်ရှိ ပဒုမ္မာစားသောက်ဆိုင်အား ရိုက်ကူးပြီးနောက်ရှမ်းပြည်နယ်၊တောင်ကြီး ၊အင်းလေး ၊ မန္တလေးတိုင်းဒေသကြီး များသို့သွားရောက်ကာ တိုင်းရင်းသားရိုးရာ ဓလေ့ အစားအစားများ နှင့် နန်းတွင်းစားတော်ပွဲနှင့်ပတ်သက်၍ ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်းကိုလည်းသိရသည်။
အဆိုပါရိုက်ကူးမှုအစီအစဉ်ကို မြန်မာနိုင်င်ငံစားသုံးသူကာကွယ်ရေးအသင်းဒုဥက္ကဌ ဦးဆန်နီ အောင်ခင်၏ ပဒုမ္မာစားသောက်ဆိုင်တွင် ရိုက်ကူးခဲ့ကြောင်းအသင်းဥက္ကဌ ဦးဗအုပ်ခိုင်က ဆိုသည်။
ဆရာကြီးဖိုးသောကြာခေတ်မိုးက ဆရာ့ကိုအကူအညီတောင်းလို့ အဆင်ပြေအောင် စီစဉ်ပေးလိုက်တာပါ၊ ပဒုမ္မာစားသောက်ဆိုင်ခန်းပုံစံကမြန်မာမူတွေနဲ့စီစဉ်ထားတာကြောင့် မြန်မာ အစားအသောက်တွေကိုသူတို့ကိုယ်တိုင်ချက်ပြုတ် ရိုက်ကူးမယ်ဆိုတော့ ဒီနေရာက အဆင် ပြေတဲ့အတွက်စီစဉ်ပေးလိုက်တာပါ။ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဌဦးဗအုပ်ခိုင်က ပြောသည်။
မြစ်မခ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...