ဧဒင်အချစ်ပုံပြင်: သင်္ကြန်ပွဲတော်ကို အပျော်ဆုံး ဆိုတဲ့ သင်ဇာဝင့်ကျော်

Thursday 14 March 2013

သင်္ကြန်ပွဲတော်ကို အပျော်ဆုံး ဆိုတဲ့ သင်ဇာဝင့်ကျော်

မြန်မာ့ရိုးရာ ပွဲတော်များထဲတွင် သင်္ကြန်ကို အပျော်ဆုံးဟု သင်ဇာဝင့်ကျော် က ပြောသည်။
”အချိန်က ခဏလေးလိုပဲ။ ပြီးခဲ့တဲ့ သင်္ကြန်ကတောင် သိပ်မကြာ လိုက်သလိုပဲ စိတ်ထဲမှာ ခံစားရတယ်။ ဒီနှစ်သင်္ကြန်က ရန်ကုန်မှာ ရှိချင်မှလည်း ရှိမယ်။ ခရီးထွက်ဖို့ လည်း ရှိတော့ မသေချာသေးဘူး။ မြန်မာတွေမှာ ပွဲတော်တွေက လတိုင်းရှိတယ်။ သင်ဇာ့လိုပဲ ပရိသတ်ကြီး အားလုံး ထပ်တူထပ်မျှ ပျော်နိုင်ကြပါစေ” ဟုလည်း ပြောပြခဲ့ ပါသည်။ သင်ဇာဝင့်ကျော်က ဒါရိုက်တာ ဝင်းထွန်းထွန်း၊ နေတိုး တို့နှင့် ဇာတ်ကား ရိုက်ကူးခဲ့ပြီး မတ်လ ၅ ရက်နေ့ မှာတော့ ဘန်ကောက်ကို ဆေးစစ်ရန် အတွက် ထွက်သွားခဲ့သည်။

”သင်ဇာ ဒီဇင်ဘာလမှာ ဆေးစစ်ဖို့ သွားရမှာ မသွားဖြစ်ခဲ့ဘူး။ တစ်နှစ်ပြည့်ပြီလေ။ အခု သင်ဇာလည်း အားတာရော၊ အဖေနဲ့ အမေ အားတဲ့ရက်နဲ့ တိုက်ဆိုင် သွားတာ နဲ့ မိသားစုနဲ့အတူ သွားမှာပါ။ သင်ဇာက တစ်ရက်ပဲ Check-Up လုပ်ဖို့ အချိန်ပေးရမှာ ဆိုတော့ အချိန်ရရင် ရ သလို လျှောက်လည် ဖြစ်မယ်။ အဖေက အူလမ်းကြောင်း မှာ မကောင်းတာ တွေ့တော့ မနှစ်က လည်းနေခဲ့ပြီး နည်းနည်း ကြာကြာ ဆရာဝန် ပြရတယ်။ အဖေနဲ့ အမေကတော့ နည်းနည်း ကြာမယ်” ဟု ၄င်း က ပြောသည်။
ဘန်ကောက်မှ ပြန်ရောက်ချိန်တွင် မြင့်မြတ်နှင့် ဇာတ်ကား ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။
မေမွန်မောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...