
မှပူးပေါင်းဖော်ထုတ်ပေးပါရန် သေဆုံးသူ၏ဇနီးဖြစ်သူမှပြောကြား လိုက်သည်။
“အဲဒီနေ့က လက်လိုက်တယ်။ လည်ပင်းတွေ ပူတယ်ဆိုပြီး။ ကျွန်မနဲ့ တူတူဆေးခန်းသွားတယ်။ ဆေးခန်းရောက်တော့ ဒေါက်တာ ၀င်းနိုင်ရဲ့ သားကျော်ဇင်ဝင်းက ဆေးထိုးလိုက်တယ်။ ဆေးထိုးပြီး သိမ်ကြာဘူးဆိုက်ကားပေါ်တက်တဲ့ အချိန်မှာပဲ။ နောက်လန်ကျသွား တယ်။ အဲဒါကို ဒေါက်တာဝင်းနိုင် က သူ့သားကိုမေးတယ်။ သာဆေးထိုးလိုက်လဲဆိုပြီး။ သူ့သားကပြောတယ်။ ဒိုင်ယာဗင် ထိုးလိုက်တယ်တဲ့ ပြီးတော့ လက်ကိုအကြောဆေးတစ်လုံးထိုး တယ်။ သူ့အဖေက လက်မောင်း လို ဆေးတစ်လုံးထပ်ထိုးတယ်။ ကျွန်မက သူ့ကိုဆိုက်ကားသမား ကောင်လေးနဲ့ ထားခဲ့ပြီး။ အသိကို သွားရှာတုန်း ဒေါက်တာဝင်းနိုင် က မရတော့ဘူး။ မင်းဆေးရုံလိုက် သွားဆိုပြီး သူ့သားကိုပြောတယ်။ ကျွန်မကတော့ ကျွန်မယောကျာ်း က ဆိုက်ကားပေါ်မှာ ၀မ်းတွေ သွားနေပြီ။ လမ်းမှာပဲ အသက် ထွက်သွားတယ်လို့ယူဆတယ်”ဟု ကာကံရှင်မ၀င်းသက်မော်ကပြော ကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါက်တာဝင်းနိုင်နှင့် သားဖြစ်သူ ဒေါက်တာကျော်ဇင်ဝင်းတို့အား ဆက်သွယ်တွေ့ဆုံရာ၌လည်း ဖခင် ဖြစ်သူဒေါက်တာဝင်းနိုင်ဖြင့်သာ တွေ့ခွင့်ရခဲ့ပြီး ယင်းမှလည်း မိမိ အနေဖြင့် ယင်းကိစ္စအားဘာမျှ မပြောလိုကြောင်း လူနာအားဆေး ရုံသို့ ပို့ခဲ့ပေးပြီးကြောင်းနှင့် အရက်သောက်ထားပါက ယင်းသို့ ဖြစ်တတ်ကြောင်းပြောကြားခဲ့ပြီး ဆေးရုံတာဝန်ရှီသူများကလည်း မလောင်းအားခွဲစိတ်ခဲ့ရာတွင်လည်း အရက်သောက်ထားခြင်းလုံးဝမရှိ ကြောင်း ပြောကြားခဲ့တာရန်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှလည်း ကွယ်လွန်သူမှာ ယခင်ကထဲက အရက်သေစာသောက်သုံးခြင်းလုံး ၀မရှိကြောင်း ပြောကြားခဲ့သည်။
အထက်ပါ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ စံပြဆေးရုံမှ မှုခင်း ဆရာဝန်ကြီးဒေါက်တာတင်အောင် သိန်းအား Hot News သတင်း ထောက်ကသွားရောက်တွေ့ဆုံမေး မြန်းခဲ့ရာတွင် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အဖြေတိတိကျကျ မသိရသေးကြောင်း သေဆုံးသူ၏ ခန္ဓာကိုယ်မှတစ်ရူးစများအား ဆေးရုံဓာတ်ခွဲခန်း၌ စစ်ဆေးလျက် ရှိသည့်အပြင်ပြည်ထဲရေးဝန်ကြီး ဌာနအောက်ရှိရဲတပ်ဖွဲ့ဓာတ်ခွဲခန်း သို့လည်းပေးပို့စစ်ဆေးနေပါကြောင်း နှင့် ယင်းသို့စစ်ဆေးချက်အဖြေ များအပေါ်မူတည်၍မကြာမီ တိကျခိုင်မာသောအဖြေတစ်ခု ထွက်လာမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
.hotnewsweekly.-ခန့်ခန့်(ဒဿနိက)
No comments:
Post a Comment