ဧဒင်အချစ်ပုံပြင်: နိုင်ငံတော်သမ္မတ အစီအစဉ်ဖြင့် အရေးယူမည့် တရားရုံးများ လာပြီ

Tuesday 19 March 2013

နိုင်ငံတော်သမ္မတ အစီအစဉ်ဖြင့် အရေးယူမည့် တရားရုံးများ လာပြီ


Photo: နိုင်ငံတော်သမ္မတ အစီအစဉ်ဖြင့် အရေးယူမည့် တရားရုံးများ လာပြီ

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များကို အရေးယူရန်အတွက် ယာဉ်ထိန်း တရားရုံး သုံးရုံးကို နိုင်ငံတော်သမ္မတ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။သတ်မှတ် အမြန်နှုန်းထက် မောင်းနှင်သည့် မော်တော်ယာဉ်များကို အရှိန်ထိန်း ကိရိယာများ အသုံးပြုပြီး စစ်ဆေး အရေးယူတော့မည် ဖြစ်ကြောင်း မတ် ၁၂ ရက်က နေပြည်တော်ရှိ ပလွေး အမြန်လမ်း ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးကြီး နေဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ရှင်းရှင်းပြောရရင် ဒါဟာ နိုင်ငံတော်သမ္မတရဲ့ အစီအစဉ်ပါ။ ကျွန်တော်တို့ အနေနဲ့ ကျောသားရင်သားခွဲမှာ မဟုတ်ဘဲ အရေးယူသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အရေးယူမှုကို ၂၀၁၃ ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ကနေဒါ နိုင်ငံထုတ် တန်ဖိုးငွေ ဒေါ်လာ ခုနစ်သောင်းတန် အရှိန်ထိန်း တိုင်းတာစက် (Red Flex Traffic Systems) နှစ်လုံးကို ရွေ့လျားအသုံးပြုပြီး စောင့်ကြည့်စစ်ဆေးမှု မှတ်တမ်းများအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ယာဉ်ထိန်း တရားရုံး သုံးရုံး ဖွင့်လှစ်ကာ အရေးယူသွားမည်ဟု သိရသည်။ “အဓိက အနေနဲ့ကတော့ ဒီလမ်းကို အသုံးပြုသူတွေ အန္တရာယ် ကင်းရှင်းစေလိုတာပါ။ အရေးယူ ဖမ်းဆီးဖို့ ဦးစားပေးတာမျိုး မဟုတ်ပါဘူး။ ဒါကို မလိုက်နာရင် အရေးယူခံရမှာပါ။ ဒီအတွက် ဒဏ်ငွေ သတ်မှတ်ထားပြီး ထောင်ဒဏ်မျိုးတော့ မရှိပါဘူး” ဟု နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးကျော်ထွေးက ပြောသည်။ အရှိန်ထိန်းစက်နှင့် စောင့်ကြည့်စစ်ဆေးမှု မှတ်တမ်းများအရ သတ်မှတ်ထားသည့် ကီလိုမီတာ ၁၀၀ နှုန်းထက် ကျော်လွန်မောင်းနှင်ကြောင်း စစ်ဆေးတွေ့ရှိသည့် မော်တော်ယာဉ်များသည် ဒဏ်ငွေကျပ် ၃၀၀၀၀ ပေးဆောင်ရနိုင်ဖွယ် ရှိသည်။ အဆိုပါ တရားရုံးများကို ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ်၊ နေပြည်တော်၊ ပျဉ်းမနားနှင့် မန္တလေး စည်ပင်သာယာ တရားရုံးတို့တွင် ချက်ချင်း အရေးယူ ဒဏ်ရိုက် အပြစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗညားဦး
 yatanarponရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ယာဉ်များကို အရေးယူရန်အတွက် ယာဉ်ထိန်း တရားရုံး သုံးရုံးကို နိုင်ငံတော်သမ္မတ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ကာ အရေးယူ ဆောင်ရွက်တော့မည် ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေဝင်းက ပြောသည်။သတ်မှတ် အမြန်နှုန်းထက် မောင်းနှင်သည့် မော်တော်ယာဉ်များကို အရှိန်ထိန်း ကိရိယာများ အသုံးပြုပြီး စစ်ဆေး အရေးယူတော့မည် ဖြစ်ကြောင်း မတ် ၁၂ ရက်က နေပြည်တော်ရှိ ပလွေး အမြန်လမ်း ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲမှူးကြီး နေဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ရှင်းရှင်းပြောရရင် ဒါဟာ နိုင်ငံတော်သမ္မတရဲ့ အစီအစဉ်ပါ။ ကျွန်တော်တို့ အနေနဲ့ ကျောသားရင်သားခွဲမှာ မဟုတ်ဘဲ အရေးယူသွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အရေးယူမှုကို ၂၀၁၃ ဧပြီ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး ကနေဒါ နိုင်ငံထုတ် တန်ဖိုးငွေ ဒေါ်လာ ခုနစ်သောင်းတန် အရှိန်ထိန်း တိုင်းတာစက် (Red Flex Traffic Systems) နှစ်လုံးကို ရွေ့လျားအသုံးပြုပြီး စောင့်ကြည့်စစ်ဆေးမှု မှတ်တမ်းများအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ယာဉ်ထိန်း တရားရုံး သုံးရုံး ဖွင့်လှစ်ကာ အရေးယူသွားမည်ဟု သိရသည်။ “အဓိက အနေနဲ့ကတော့ ဒီလမ်းကို အသုံးပြုသူတွေ အန္တရာယ် ကင်းရှင်းစေလိုတာပါ။ အရေးယူ ဖမ်းဆီးဖို့ ဦးစားပေးတာမျိုး မဟုတ်ပါဘူး။ ဒါကို မလိုက်နာရင် အရေးယူခံရမှာပါ။ ဒီအတွက် ဒဏ်ငွေ သတ်မှတ်ထားပြီး ထောင်ဒဏ်မျိုးတော့ မရှိပါဘူး” ဟု နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးကျော်ထွေးက ပြောသည်။ အရှိန်ထိန်းစက်နှင့် စောင့်ကြည့်စစ်ဆေးမှု မှတ်တမ်းများအရ သတ်မှတ်ထားသည့် ကီလိုမီတာ ၁၀၀ နှုန်းထက် ကျော်လွန်မောင်းနှင်ကြောင်း စစ်ဆေးတွေ့ရှိသည့် မော်တော်ယာဉ်များသည် ဒဏ်ငွေကျပ် ၃၀၀၀၀ ပေးဆောင်ရနိုင်ဖွယ် ရှိသည်။ အဆိုပါ တရားရုံးများကို ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်းမြို့နယ်၊ နေပြည်တော်၊ ပျဉ်းမနားနှင့် မန္တလေး စည်ပင်သာယာ တရားရုံးတို့တွင် ချက်ချင်း အရေးယူ ဒဏ်ရိုက် အပြစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဗညားဦး
yatanarpon

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...